Chapter 59(Uni)

7.1K 790 55
                                    

Chapter 59 .အတုအယောင်...အားလုံးကအတုအယောင်တွေ

" တွေ့ကြရအောင် "

အန်းချိန်ထံမှထိုမက်ဆေ့ချ်တစ်စောင်ကိုသူရလိုက်သည်
လင်းယွီက၎င်းအားတစ်ချက်သာကြည့်လိုက်ပြီးဖုန်းစခရင်အားပိတ်လိုက်ကာတစ်စုံတစ်ရာကိုမျှတုံ့ပြန်မှုမပေးခဲ့ပေ...

ဖူ့ရှီဝိန်သည်ရှည်လျားသည့်ကုတ်အင်္ကျီအားဝတ်ဆင်ထားကာအခန်းထဲမှထွက်လာကာသူ့ကြည့်ရသည်မှာလည်းပုံမှန်ထက်ပိုမို၍ပင်ချောမောနေသေးသည်

" ရှန်းရှိန်း.. ဒီညအပြင်သွားမလို့လား "

" အင်း..ကိုယ်မနေ့ကမွေးနေ့ပွဲကိုမဖိတ်လိုက်တော့ဒီ​
နေ့သူတို့ကထမင်းအတူတူသွားစားကြရအောင်လို့ပြောလာတယ်လေ..ကိုယ်နဲ့အတူတူလိုက်ခဲ့ချင်လား"

လင်းယွီကတွေးတွေးဆဆပင်စဉ်းစားလိုက်၏..
ဖူ့ရှီဝိန် ၏ထိုသူငယ်ချင်းတစ်သိုက်ကချမ်းသာသောဒုတိယမျိုးဆက်သူဌေးသားလေးများဖြစ်ကာလင်းယွီကထိုသူတို့နှင့်မရင်းနှီးပါ...

" ကျနော်မလိုက်တော့ပါဘူး ရှန်းရှိန်း..ဝိုင်လျှော့သောက်ခဲ့ဉီးနော် "

" ကောင်းပြီ " ဖူ့ရှီဝိန်ကထွက်သွားလေပြီ...

လင်းယွီသည်အိမ်တွင်နေ၍သာအိမ်သန့်ရှင်းရေးလုပ်နေ၏

အန်းချိန်ကဖုန်းထပ်မံခေါ်လာ၏
လင်းယွီကမျက်မှောင်ကိုကြုတ်လိုက်ကာအန်းချိန်၏ဖုန်းအားချပစ်လိုက်ပြီးတစ်ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှထိုနံပါတ်အား blacklist ထဲသို့ထည့်လိုက်တော့၏

နောက်ထပ်တစ်ခဏအကြာတွင်တော့သူမသိသည့်နောက်ထပ်ဖုန်းတစ်ကောကဝင်လာပြန်၏

လင်းယွီကဖုန်းပြန်ဖြေလိုက်သည်

" လင်းယွီ..မင်းငါ့ကိုအဲ့လိုလုပ်ရဲတယ်လား "
အန်းချိန်ကအလွန်ဒေါသထွက်နေ၏

လင်းယွီကမသိမသာလေးနှာမှုတ်ထုတ်လိုက်သည်
ထိုအသံကိုကြားလိုက်ရသည့်အန်းချိန်ကပို၍ပင်ပေါက်ကွဲလာရတော့သည်

" လင်းယွီ..မင်းကငါ့ဖုန်းမှန်းသိနေလို့တမင်သက်သက်မဖြေချင်တာလား "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now