Chapter 60(Uni)

8.1K 864 143
                                    

Chapter. 60. အားယွီ...စောစောပြန်လာနော်

" ရှန်းရှိန်း...အိမ်မပြန်လာသေးဘူးလား "

" ခဏနေကိုယ်ပြန်လာမယ် "

လင်းယွီကဖူ့ရှီဝိန်အိမ်ပြန်လာမည်ကိုအမြဲစောင့်မျှော်နေခဲ့ရသူ....

မကြာခင်မှာပင်အပြင်ဘက်၌အနည်းငယ်မှောင်လာပြီးနံရံပေါ်ရှိနာရီကလည်းစည်းချက်မှန်မှန်နှင့်ရွေ့လျားနေရင်းမှနောက်ဆုံးတွင်တော့ညဉ့်နက်သွားရလေပြီ

လင်းယွီ၏ဖုန်းကိုဆုပ်ကိုင်ထားသောလက်များကထုံကျင်နေပြီးသူဖူ့ရှီဝိန်ထံနောက်တစ်ကြိမ်ဖုန်းခေါ်လိုက်၏
ဖုန်းဝင်သွားပြီးနောက်တွင် ထွက်ပေါ်လာသည့်အသံကအန်းချိန်၏အသံဖြစ်နေခဲ့၏

" ဖူ့ရှီဝိန်ပြန်မလာတော့ဘူး..သူအိပ်ပျော်နေပြီ "
ဖုန်းတစ်ဖက်ကအန်းချိန်ကကျေနပ်စွာပြုံးလိုက်သည်

လင်းယွီကဖုန်းကိုထပ်မံ၍တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ
" မင်းသူ့ဆီဖုန်းလွှဲပေးလို့ရလား "

" မင်းလူစကားနားမလည်ဘူးလား...ငါပြောတာ
သူအိပ်ပျော်နေပြီ "

အန်းချိန်ကထိုစကားကိုနောက်တစ်ကြိမ်ပြန်ပြောလိုက်၏
လင်းယွီ နှုတ်ဆိတ်သွားရသည်

" လင်းယွီ...မင်းအမှန်တရားကိုအခုထိသဘောမပေါက်သေးဘူးလား..ငါနောက်ဆုံးအကြိမ်ပြောပြခဲ့တုန်းကမင်းကိုလိမ်နေတယ်လို့ပဲထင်နေတာလား "

" ငါမင်းကိုအခုလိုမပြောချင်ပေမယ့်မင်းကအရမ်းသနားဖို့ကောင်းနေတာက်ိုမြင်ရတော့ငါအမှန်တရားအားလုံးကိုပြောပြဖို့ဆုံးဖြတ်လိုက်ပြီ.."

အန်းချိန်၏လေသံကအနိမ့်အမြင့်တူညီစွာဖြင့်လေးနက်နေပုံရ၏

" ဖူ့ရှီဝိန်ကမင်းကိုကားတိုက်ခံရတာကနေလွတ်အောင်ကယ်တင်ဖို့သူ့အသက်ကိုစတေးဖို့ကြိုးစားခဲ့လို့စိတ်တွေအရမ်းလှုပ်ရှားသွားခဲ့တာလား...
ဒါပေမယ့်မင်းမသိသေးတဲ့အရာတစ်ခုရှိသေးတယ်
ဖူ့ရှီဝိန်ရဲ့ကားမတော်တဆမှုကအတုဖြစ်ပြီးတော့သူကငါ့လက်ထောက်ဆီကနေသွေးတုတစ်အိတ်ကိုယူသွားခဲ့တာ..မင်းမယုံရင် ပိုင်ယွဲ့ကိုလည်းမေးလို့ရတယ်..သူတို့နှစ်ယောက်ကမင်းကိုပေါင်းလိမ်ခဲ့ကြတာ...မဟုတ်ရင်ပိုင်ယွဲ့ကမင်းကိုအနိုင်ကျင့်နေတုန်းမှာဖူ့ရှီဝိန်ကရုတ်တရက်ရောက်လာပြီးကူညီတာကအရမ်းကိုတိုက်ဆိုင်လွန်းနေတာမဟုတ်လား..
ဘယ်လိုလုပ်ဒီလောက်ထိတိုက်ဆိုင်တဲ့ကိစ္စကရှိနေရ
တာပါလိမ့် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now