Chapter 62(Uni)

9.7K 893 93
                                    


Chapter 62 .ကလေးမရှိတော့ဘူး

လင်းယွီရဲ့မျက်လုံးတွေကမှိတ်ထားတာကြောင့်သူ့ကမ္ဘာကြီးကအမှောင်အတိကျလို့နေတယ်..
သူဘာကိုမှမမြင်နိုင်သလ်ိုဘာကိုမှလည်းမခံစားနိုင်တော့သလိုပဲ...

သူ့လက်ကောက်ဝတ်ကသွေးတွေကတစ်စက်ပြီးတစ်စက်ကျဆင်းနေခဲ့ပြီးခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းအေးစက်ကာအားနည်းလာခဲ့သည်
သူသတိမေ့ခါနီးတွင်ရုတ်တရက်ဗိုက်ထဲမှအရာကတုန်ရီလာခဲ့၏

ကလေး...

လင်းယွီကသူ့ရဲ့အသိစိတ်ကိုပြန်ထိန်းချုပ်လိုက်ကာယခုပုံစံအတိုင်းသာဆက်တိုက်ဖြစ်နေမည်ဆိုပါကသူကလေးကိုကောင်းကောင်းကာကွယ်ထားနိုင်တော့မည်မဟုတ်ဟုသိထားတာကြောင့်သူ့ကိုယ်သူအားခဲကာတောင့်ခံထားလိုက်သည်

ကူညီပါ...ဘယ်သူကူညီနိုင်လဲ..ကူညီပေးပါ
လင်းယွီတိတ်တဆိတ်နှင့်အော်ဟစ်နေခဲ့၏

ရုတ်တရက်သူ့ထံသို့တစ်စုံတစ်ယောက်လာနေသကဲ့သို့ခြေလှမ်းတစ်စုံကိုသူကြားလိုက်ရသည်
လင်းယွီ၏မသိစိတ်မှနေ၍နောက်သို့တစ်လှမ်းချင်းစီဆုတ်နေသော်လည်းသူ့နောက်တွင်နံ​ရံမှ
လွဲ၍အခြားနောက်ဆုတ်ဖို့နေရာမရှိတော့ပေ

" အားယွီ...ကိုယ့်ကိုမကြောက်ပါနဲ့ "
သူ့နားထဲမှရင်းနှီးနေသည့်အသံတစ်ခုကိုသူကြားလိုက်ရ၏

" ဖူ့ရှီဝိန်လာပြီ.. သူလာကယ်ပြီ "
လင်းယွီအလွန်ဝမ်းသာသွား၏

" မကြောက်နဲ့တော့နော် ကလေးလေး...မင်းအဖေက မင်းကိုကယ်ဖို့ဒီကိုရောက်နေပြီ "

" ဖူရှီဝိန်...ကယ်ပါ...ငါတို့ကလေးလေးကိုကယ်ပေး ပါ "
လင်းယွီ၏နှုတ်ခမ်းထက်မှစကားသံအချို့ထွက်လာသော်လည်းသူကအားနည်းနေခဲ့တာကြောင့်၎င်းကညည်းသံတစ်ခုအဖြစ်ထွက်သွား၏

သို့သည့်တိုင်ယခုထက်ထိကယ်တင်ခံရသောခံစားချက်ကပေါ်မလာခဲ့သေးပေ...
သူဖူ့ရှီဝိန်၏ခပ်တိုးတိုးလေးပြောနေသောအသံတစ်ခုကိုကြားလိုက်ရ၏
" အားယွီ..ခဏလေးစောင့်နော်..အန်းချိန်ကသွေးထွက်လွန်နေပြီ..ကိုယ်အန်းချိန်ကိုအရင်သွားပို့ပေးပြီးရင်မင်းကိုကယ်ဖို့ချက်ချင်းလာခဲ့မယ်နော် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now