Chapter 56 ( Uni)

7.6K 753 77
                                    


Chapter 56. ကိုယ်မင်းကိုဘယ်တုန်းကမှအစားထိုးခံတစ်ယောက်လိုမသုံးခဲ့ဘူး

အချိန်အတန်ကြာပြီးနောက်ဖူ့ရှီဝိန်သည်သူ၏ရင်ခွင်ထဲ၌လင်းယွီအားအိပ်စက်စေပြီးတစ်ခါတစ်ရံသူကလူငယ်လေး၏သေးသွယ်သွယ်ခါးလေးကိုအနောက်ဘက်မှနေ၍ပွေ့ဖက်ကာလူငယ်လေး၏တစ်ကိုယ်လုံးအားနေရာလပ်မကျန်ရအောင်ပွတ်သပ်နေ၏

" အားယွီ...ကိုယ့်ဆီကိုအမြန်ပြောင်းလာခဲ့မယ်လို့ကတိပေးထားတယ်လေ "

လင်းယွီ၏မျက်နှာကနီမြန်းနေဆဲဖြစ်ပြီးသူ၏ဖြူဖွေးနေသောမျက်နှာလေးသည်ပန်းရောင်သန်းနေသည်မှာအလွန်ပင်ချစ်ဖို့ကောင်းလှသည်

လင်းယွီသည်သူ၏မျက်လုံးများကိုမှိတ်ထားပြီး
ဖူ့ရှီဝိန် ၏မေးခွန်းကိုတိုက်ရိုက်မဖြေဘဲနေ၏..တစ်ကယ်တမ်းသူမည်သို့ဖြေရမည်ကိုမသိပေ...

ထိုအချိန်တုန်းကဖူ့ရှီဝိန်၏ကားတိုက်မှုဖြစ်သည်ကိုမြင်လိုက်ရ၍ထိတ်လန့်စွာဖြင့်ကတိပေးလိုက်မိခြင်းသာ...

ဖူ့ရှီဝိန်ကလင်းယွီ၏ဆံပင်ကိုနှာသီးဖျားဖြင့်ရှူရှိုက်လိုက်သည်

" အန်းချိန်ကြောင့်မင်းကိုယ့်ကိုစိတ်ဆိုးနေသေးတာလား "

ဖူ့ရှီဝိန်ကလင်းယွီရှေ့တွင်အန်းချိန်အကြောင်းကိုအစဖော်လိုက်သည်
လင်းယွီ၏မျက်တောင်များကတုန်ယင်သွား၏
ဖူ့ရှီဝိန်သည် လင်းယွီသူ့ထံမှထွက်သွားခဲ့စဉ်ကဖုန်းထဲမှပြောခဲ့သည့်အကြောင်းအရာကိုပြန်လည်သတိရလိုက်မိသည်

သူနဲ့အန်းချိန်ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်..ဆိုလား

သူပေါ့ပေါ့ပါးပါးနှင့်ပင်တခစ်ခစ်ရယ်လိုက်ကာ
လင်းယွီ၏ နားနားသို့ကပ်ကာ
" အားယွီ...မင်းတစ်ခုခုကိုနားလည်မှုလွဲနေတာလား"

" ဘာကိုလဲ "
သူဘာကိုနားလည်မှုလွဲသွားလည်းမသိတော့ပါ

ဖူ့ရှီဝိန်က " တစ်ကယ်တော့ကိုယ်ကအန်းချိန်ကိုညီငယ်လေးတစ်ယောက်အနေနဲ့ပဲအမြဲတမ်းမြင်တာပါ...ကိုယ်တို့မှာမင်းထင်နေသလိုဟိုလိုဒီလိုဆက်ဆံရေးမရှိဘူး..ကိုယ်အန်းချိန်ကိုမကြိုက်ပါဘူး "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now