chapter 15+ 16 ( Unicode )

6.6K 782 38
                                    

Chapter 15 . ခွေးကလေး

" အန်းချိန် ကငါ့အကြံဉာဏ်ကိုလုံးဝနားမထောင်ဘူး
ဖူကော...ဒီနှစ်တွေမှာ အန်းချိန်ကဘာဖြစ်သွားတာလို့ထင်လဲ
သူကအရင်တုန်းကအရမ်းပွင့်လင်းတယ်...
မကြိုက်တဲ့လူဆိုလုံးဝလှည့်မကြည့်ဘူး
ဒီလိုရန်ပွဲမှာပါဝင်ဖို့နေနေသာသာသူကတောင်
ရှောင်ပြီးလှည့်ထွက်ခဲ့ဦးမယ်...အခုက... "

ပိုင်ယွဲ့သည်ယခင်တစ်ချိန် အန်းချိန်အနိုင်ကျင့်ခံရစဉ်က
ဖူ့ရှီဝိန်သည်အလွန်အမင်းစိတ်တိုပြီးလူသတ်မိမလိုပင်
ဖြစ်ခဲ့သည်ကိုသူသတိရမိသေးသည်

ဖူ့ရှီဝိန်သည်ဖုန်းမှတစ်ဆင့်ဒေါသထွက်နေသေ
လူကြီးနှစ်ယောက်ကြားတွင်မျက်နှာငယ်နှင့်
ထိုင်နေသောအန်းချိန်အားတွေ့လိုက်ရာသူ့မျက်နှာက
ချက်ချင်းပင်ပျက်ယွင်းသွားတော့သည်

ဖူ့ရှီဝိန်သည်သူ့မျက်လုံးများကိုဝေ့လိုက်ရာ
Coke ဝယ်ရန်တန်းစီနေသောလင်းယွီအားတွေ့လိုက်ရသည်

ငယ်ရွယ်ပျိုမျစ်သောမျက်နှာနှင့်လှပသောအပြုံးတို့ဖြင့်
လူအုပ်ကြားတွင်ရပ်နေကာသာမာန်ရုပ်ရှင်ဇာတ်ကားတစ်ကားကို
အတူတူကြည့်မည်ဖြစ်သော်လည်းလူငယ်လေးမှ
ဖော်မပြနိုင်အောင်ပျော်ရွှင်နေပုံပေါ်နေသည်

" လင်းယွီ "

" ဟင်...ရှန်းရှိန်း "
လင်းယွီကခင်ပွန်းသည်၏ခေါ်သံကိုကြားလိုက်သောကြောင့်
လှည့်ကြည့်လာခဲ့သည်

" လာခဲ့ဦး "

ဖူ့ရှီဝိန်ကပေါ့ပေါ့ပါးပါးခေါ်လိုက်သည်
သူ၏အသံမှာခွေးကလေးတစ်ကောင်အား
ခေါ်သည်နှင့်ပင်တူနေသည်

သို့ရာတွင်လင်းယွီသည်ဖူ့ရှီဝိန်၏ခွေးလေးဖြစ်ရန်ကိုပင်
ဆန္ဒရှိနေပြီးသူတန်းစီနေရာတွင်သူ့အလှည့်
ရောက်လာတော့မည်ဖြစ်သော်လည်းချက်ချင်းပင်
လှည့်လာကာဖူ့ရှီဝိန်ရှိရာသို့လျှောက်လာခဲ့လိုက်သည်

ယုန်ငယ်လေးက
" Coke သောက်ရတာမကြိုက်ဘူးလားရှန်းရှိန်း "
ဟုမေးလိုက်သည်

လင်းယွီက ဖူ့ရှီဝိန်သည် ကာဗွန်နိတ်ပါသောအချိုရည်အား
သောက်သည်ကိုတစ်ခါမျှမမြင်ဖူးသောကြောင့်
ကြိုက်မကြိုက်ကိုသူသေချာမသိပေ

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now