Chapter 19+20 ( Unicode )

7.1K 830 30
                                    

Chapter 19 .
ရှန်းရှိန်း ကျနော်ကအတုအယောင်မဟုတ်ဘူးမလား

အန်းချိန်ပြန်ရောက်လာသည်မှာရှင်ဘုရင်တစ်ပါးပြန်ရောက်
လာသကဲ့သို့ဖြစ်နေကာလူတိုင်း၏အာရုံအားအပြည့်အဝဖမ်းစားထားလိုက်နိုင်သည်

သူက ဖူ့ရှီဝိန်နှင့်အဖွားဖူတို့ထံလျှောက်လာကာ
သူ့လက်ထဲမှလက်ဆောင်အား ရှောင်ဖူအားပေးအပ်လိုက်ပြီး
သဘာဝကျကျနှင့်ပင်အဖွားဖူအားဖက်လိုက်သည်

"အဘွား...ကျ​နော့်ကိုလွမ်းရဲ့လား "

အဖွားဖူ၏မျက်ဝန်းထဲမှအရည်ကြည်တစ်ချို့စုဝေးလာကာ
" ကလေး...မင်းကအဘွားကိုလာမတွေ့တာတောင်
အရမ်းကြာနေပြီ...အဖွားမင်းကိုအရမ်းလွမ်းနေတာ "
သူမကပြောရင်းနှင့်ပင်ကြည်နူးနေသည်

ပိုင်ယွဲ့ကသူမရှေ့ရှိလင်းယွီကိုကြမ်းကြမ်းတမ်းတမ်း
တွန်းထုတ်လိုက်ရင်း
" မင်းကဘာကြောင့်မြန်မြန်မထွက်သွားဘဲ
ဒီနေရာမှာရှိနေရသေးတာလဲ...တစ်ခြားသူကို
အနှောင့်အယှက်မပေးနဲ့တော့...ရှက်စရာကောင်းတယ်"

လူတိုင်း၏အာရုံကလင်းယွီဆီသို့ပြန်ရောက်လာကာ
ဤနေရာ၌ဟန်ဆောင်ထားသောအတုတစ်ယောက်ရှိနေသေးသည်ကိုသူတို့သတိရမိသွား၏

ထိုအတုသည်အစစ်တစ်ယောက်အဖြစ်ဟန်ဆောင်ဖို့ရန်
ကြိုးစားသော်လည်းမမျှော်လင့်ဘဲမျက်နှာကိုဖြတ်ရိုက်ခံလိုက်ရကာဇာတ်လမ်းကောင်းလေးတစ်ချို့ကိုပင်ကပြဖျော်ဖြေခဲ့သေးသည်
(T/N : မျက်နှာဖြတ်ရိုက်ခံလိုက်ရတယ်ဆိုတာက
ဟန်ဆောင်ထားတာပေါ်သွားတယ်လို့ဆိုလိုချင်တာပါ

လင်းယွီကပိုင်ယွဲ့၏တွန်းထုတ်မှုကြောင့်လဲကျသွားကာ
သူ၏ခါးကလည်း စားပွဲ၏အစွန်းနှင့်ဆောင့်မိ၍နာကျင်သွားရ၏

" အတုကအတုပဲ "
ပိုင်ယွဲ့၏အသံကလှောင်ပြောင်မှုတွေအပြည့်နှင့်ပင်..
ခန်းမအတွင်းရှိဧည့်သည်တိုင်းကလည်းသူ့အားလှောင်ပြောင်သည့်အကြည့်နှင့်သာကြည့်နေကြသည်

လင်းယွီသည်အလွန်နာကျင်နေသောကြောင့်သူ၏
နဖူးပေါ်မှချွေးစေးများပင်စိမ့်ထွက်လာပေသည်
အခြားသူများ၏စကားကိုသူအတည်မယူချင်သော်လည်း
လင်းယွီသိချင်နေမိသေးသည်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now