Chapter 35+36( Unicode)

7K 798 52
                                    

Chapter. 35.သူ့ကိုမလိုအပ်ဘူး



" သုံးရက်လေးပဲရှိသေးတာဒီလိုတွေတောင်ဖြစ်သွားရပြီ..တစ်ကယ်ပဲကောင်းကောင်းမလုပ်နိုင်ဘူးလား "

ရှောင်ကျိုးကဖုန်းကိုမကျေမနပ်ကြည့်ကာပြောလိုက်သည်

" ..ချော်လဲသွားတာလေးပဲမဟုတ်ဘူးလား..
အရင်ကငါ့အစ်ကိုကရိုက်ကူးရေးလုပ်ရင်းအမြင့်ကနေပြုတ်ကျသွားခဲ့တာတောင်အဲ့ဒီကလူတွေကရိုက်ကူးရေးကိုဆက်လုပ်ဖို့ပြောနေကြတုန်းပဲ..
သူကတော့တစ်ကယ်ကိုအထောက်အပံ့
( sponsar )ကောင်းကောင်းရထားတာဘဲ..
tsk..tsk "

သူကစိတ်ပျက်နေဟန်ဖုန်းကိုပိတ်ပြီးညဉ်းညူလိုက်သည်

လင်းယွီကစာအုပ်ထဲရောက်နေသောသူ၏အာရုံမှလွှဲလိုက်ကာခေါင်းဖော်လိုက်ပြီး
" ရှောင်ကျိုးလောင်ရှီး...မင်းဘာအကြောင်းပြောနေတာလဲ "

" ဒါကရှူးမင်နဲ့မဆိုင်ဘဲငါဘာကြောင့်ပြောမှာလဲ..
ငါကတစ်နေကုန်သူ့ကိုဘဲအာရုံစိုက်ပြီးရှာဖွေချင်နေတာတော့မဟုတ်ရပါဘူး...မသိတော့ဘူးကွာ...စကားတောင်မပြောချင်တော့ဘူး "

လင်းယွီက Weibo ကိုဖွင့်ကာ hot search နေရာကိုနှိပ်လိုက်သည်

ပါပါရာဇီမှရိုက်ယူထားသောရှင်းရှင်းလင်းလင်းမြင်ရသည့်ဓာတ်ပုံတွင်လင်းယွီသည်
သူမထင်မှတ်ထားသည့်ရင်းနှီးသောရုပ်ပုံတစ်ပုံကိုတွေ့လိုက်ရ၏

ဓာတ်ပုံထဲတွင်ထိုသူက အန်းချိန်အားကားထဲသို့ဝင်ရန်ကူညီပေးနေပြီးသူ့နောက်ကျောပုံကိုသာရိုက်မိထား၏...နောက်ကျောမှရိုက်မိထားသော
၎င်းပုံကမရေရာသောပုံတစ်ပုံသာဖြစ်သော်
လည်းလင်းယွီကမူတစ်ချက်ကြည့်လိုက်သည်
နှင့်ထိုသူကဖူ့ရှီဝိန်ဖြစ်မှန်းတန်းသိလိုက်ပါသည်

ရှန်းရှိန်း ဝတ်ထားသည့်ဝတ်စုံသည်မနက်ကအိပ်ရာမှထသော်သူကိုယ်တိုင်ရွေးထားပေးခဲ့သောဝတ်စုံဖြစ်သည်မှာမှားယွင်းစရာအကြောင်းမရှိပေ....

မနေ့ညကရှန်းရှိန်း ဝိုင်ပါတီသို့သွားခဲ့တာကြောင့်လင်းယွီကသူ့အတွက်အရက်နာကျခြင်းကိုသက်သာစေသည့်ဟင်းရည်ကိုပြုတ်ထားပေးခဲ့ပြီးထိုသူပြန်အလာကိုစောင့်နေခဲ့သည်ကိုသတိရလိုက်မိ၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now