Chapter 25+26 ( Unicode )

7.6K 851 56
                                    

Chapter 25.ထပ်တူထပ်မျှ

" ကိုယ့်ကိုမင်းလက်ပြပါဦး "

ကောင်လေးထံမှစူးရှသောအသံတစ်သံထွက်လာကာ
ဖူ့ရှီဝိန်၏ခပ်နွေးနွေးအသက်ရှူသံကသူ့လည်ပင်းပေါ်သို့
ကျရောက်နေပြီးသူ၏ခန္ဓာကိုယ်ပေါ်စွဲကပ်နေသောဆေးလိပ်နံ့သင်းသင်းလေးကလင်းယွီအားရှက်ရွှံ့သွားစေ၏

ဖူ့ရှီဝိန်သည်ဖြူဖွေးစွတ်နေသောပတ်တီးများဖြင့်ရစ်ပတ်ထားသည့်လင်းယွီ၏သေးသွယ်လှသည့်လက်ချောင်းလေးများကိုညင်သာစွာကိုင်လိုက်သည်
ထိုအသစ်လဲထားသောပတ်တီးသည်အလွန်အမင်းပင်ဖြူဖွေးနေပြီးဆေးနံ့များကလည်းပြင်းလှသည်

ဖူ့ရှီဝိန်က "နာလို့လား "

လင်းယွီ၏မျက်လုံးများကနာကျင်နေသည့်အရိပ်အယာင်များပေါ်လာပြီးနောက်စက္ကန့်အနည်းငယ်အကြာတွင်တော့
"မနာပါဘူး"

သူကကောင်လေး၏နီရဲလှပသောနားရွက်ဖျားလေးကို
နမ်းလိုက်ကာပျော့ပျောင်းညင်သာသောအသံဖြင့်

"မင်းကိုဆေးရုံလိုက်ပို့ပေးတဲ့လူကရွှီချွင်မလား "

" အင်း...ဟုတ်တယ် "

" အင်္ကျီသွားလဲလိုက်တော့....ခဏနေ လောင်ဝူရောက်လာလိမ့်မယ် "

လင်းယွီကနှုတ်ခမ်းကိုသာတင်းတင်းကိုက်ထား၏
" အိုး "

ဖူ့ရှီဝိန်ကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက်
သူယာဉ်မောင်းဝူအားယူလာခိုင်းမည့်ပစ္စည်းသည်နာရီဝက်
အတွင်းရောက်သေးမည်မဟုတ်သည်ကိုသိလိုက်သည်
အစားမစားခင်တစ်ခုခုလုပ်ရမယ်

သူသည်လူငယ်လေး၏သေးသွယ်လျသောခါးလေးပေါ်သို့
လက်ကိုတင်လိုက်၏

လင်းယွီသည်အဖြူရောင်တီရှပ်များ၀တ်ဆင်ရသည်ကိုအလွန်နှစ်သက်သည်...ထိုအထည်များသည်အလွန်ကောင်းမွန်သောကြောင့်ဖူ့ရှီဝိန်သည်အဝတ်အထည်အောက်ရှိလင်းယွီ၏နူးညံ့သောအရေပြားကိုပင်ခံစားနိုင်၏

သူ၏ခါးကအလွန်ပင်ယားယံလာသောကြောင့်
"ရှန်းရှိန်း...ကျနော်အအေးခံစာတွေကိုရေခဲသေတ္တာထဲ
သွားထည့်လိုက်ဉီးမယ် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now