Chapter 66(Uni)

9K 975 25
                                    

Chapter 66.မင်းသူ့ကိုသိတာလား

bold letters နဲ့ရေးထားတာတွေကို skip ပြီးဖတ်လိုက်ပြပါနော်

ကစားကွင်းအသစ်ကလေးသည် F မြို့၏ခရိုင်အသစ်၌တည်ရှိ၏။၎င်းကတောင်တန်းများနှင့်နီးကပ်စွာတည်ရှိပြီးအလွန်လည်းကျယ်ဝန်းသည့်နေရာတစ်ခုဖြစ်ပေသည်။ယင်းကပါဝင်ကြည့်ရှုမှု,ဖျောဖြေရေး,အပန်းဖြေမှုနှင့်ကြံ့ခိုင်မှုတို့ ပါဝင်​
နေသည့်ခေတ်မီသောကစားကွင်းလေးတစ်ခုလည်းဖြစ်၏။

သို့သော် ဤကစားကွင်း၏နောက်ကွယ်ကအဓိကရင်းနှီးမြှပ်နှံသူမှာ ဖူ့ရှီ gp ဖြစ်သည်ဆိုသောအကြောင်းအရာကိုတော့လူအနည်းစုသာသိကြလေသည်။ဖူ့ရှီဝိန်သည်၎င်းကစားကွင်း၏ဖဲကြိုးဖြတ်ပွဲအခမ်းအနားအတွက်ဖိတ်ကြားခြင်းခံခဲ့ရသည်။

ထိုအခမ်းအနားအပြီးတွင်ပွဲစီစဉ်သည့်မန်နေဂျာဖြစ်သူသည်ဖူ့ရှီဝိန်ကိုကြီးမားသည့်လူထုရှိရာကစားကွင်းအားလှည့်ပတ်ရန်ခေါ်ဆောင်သွားပေးခဲ့၏။

ကစားကွင်းကြီးကအလွန်တရာမှကြီးမားလှကာ၎င်းကိုအရှေ့ပိုင်းနှင့်အနောက်ပိုင်းဟူ၍ပိုင်းခြားထားလေ၏။

ဖွင့်ပွဲပြုလုပ်သည့်ပထမဉီးဆုံးရက်တွင်
အပန်းဖြေပန်းခြံလေးသည်လူများနှင့်ပြည့်နှက်နေကာအလွန်ကိုမှသက်ဝင်လှုပ်ရှားနေ၏။

လှပချောမောသည့်ဧည့်ခံရေးမှူးလေးကချိုသာစွာပြောလိုက်သည်
" မစ္စတာဖူ...ကျမတို့ရဲ့အရှေ့မှာတော့လက်ဆောင်တွေအခမဲ့ရတဲ့နေရာပါ "

မန်နေဂျာကလည်းမိတ်ဆက်ပေးပြန်၏။

" လက်ဆောင်ကတော့ Legend ကုမ္ပဏီ ကထုတ်လုပ်ထားတဲ့ special edition mecha စက်ရုပ်လေးတွေပါ...ခရီးသွားတွေကအဲ့ဒီ mecha လေးတွေနဲ့ပြင်ဆင်ထားတဲ့ပန်းခြံဒီဇိုင်းပုံစံလေးကိုတော်တော်လေးသဘောကျကြပါတယ် "

ဖူ့ရှီဝိန်ကပေါ့ပေါ့ပါးပါးခေါင်းတစ်ချက်ညိတ်သည်။

ရုတ်တရက်လူအုပ်ကြီးဆီမှစူးရှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

" ဘာဖြစ်နေတာလဲ ကလေး..မင်းလက်ဆောင်လိုချင်တယ်ဆိုရင်..ကိုယ့်ဘာသာကိုယ်တန်းစီလေ "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now