သူကလင်းယွီနဲ့တူနေတာမဟုတ်ဘူး..အမှန်တော့သူကလင်းယွီပဲ

10.2K 817 28
                                    

လောင်ဝူက အကွာအဝေးအနည်းငယ်သာမောင်းရသေးသော်လည်း ပြတင်းပေါက်သို့လှည့်ကြည့်လိုက်သည့် ဖူ့ရှီဝိန်၏အမူအရာကရုတ်ချည်းပြောင်းလဲသွားကာ သူ့အားတားဆီးလာခဲ့၏။

" လောင်ဝူ..ရပ်ဉီး "

သူအလျင်အမြန်ဘရိတ်နင်းလိုက်ပြီး
" ဘော့စ်ဖူ.. ဘာဖြစ်လို့လဲ "

ဖူ့ရှီဝိန်က မျက်နှာသေဖြင့်တစ်နေရာသို့လက်ညှိုးထိုးပြလိုက်ကာ
" လောင်ဝူ...ကမ်းခြေကလူနှစ်ယောက်ကိုမြင်နိုင်လား "

သူညွှန်ပြရာဘက်ဆီ လောင်ဝူကြည့်လိုက်တော့ ခပ်လှမ်းလှမ်းရှိကမ်းခြေသောင်ပြင်တွင် လမ်းလျှောက်နေသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရလေ၏။လမ်းလျှောက်နေသောကောင်လေး၏ကျောပေါ်၌ကောင်လေးတစ်ယောက်ကလဲလျောင်းလျက်ခေါင်းတင်ထားသည့်မြင်ကွင်းလေးမှာ အလွန်ပင်မျက်စိပဒေသာကျလှပေသည်။

" ကျနော်မြင်ပါတယ် "
လောင်ဝူကစိတ်ရှုပ်ထွေးစွာဖြေလိုက်သည်။

ဒါကိုဘယ်သူမဆိုမြင်နိုင်တာပဲမဟုတ်ဘူးလား...

" မင်း..လူနှစ်ယောက်ကိုမြင်ရတယ်ပေါ့ "

ဖူ့ရှီဝိန် ၏မျက်နှာကမယုံကြည်နိုင်မှုများနှင့်ပြည့်နှက်နေလျက်နောက်တစ်ကြိမ်ထပ်မံမေးမြန်းလိုက်သည်။

သူခေါင်းကိုအခါခါငြိမ့်ပြလိုက်ပြီး
" လူနှစ်ယောက်မှာ..တစ်ယောက်ကတစ်ခြားတစ်ယောက်ကိုကျောပေါ်တင်ထား..."

ဖူ့ရှီဝိန်က သူ့စိတ်ထဲမှရူးသွပ်မှုအားထိန်းချုပ်နိုင်စွမ်းမရှိစွာကတုန်ကယင်ဖြင့်ကားတံခါးအားအလျင်အမြန်ဆွဲဖွင့်လိုက်ပြီး ကားထဲမှထွက်သွားတော့သည်။

ဟုတ်တယ်....ဒါကအမှန်ပဲ...ငါ..ငါထင်ယောင်ထင်မှားဖြစ်နေခဲ့တာမဟုတ်ဘူး...
ငါလင်းယွီရဲ့ဝိညာဉ်ကိုမြင်ခဲ့တာမဟုတ်ဘူး...
လင်းယွီကအသက်ရှင်နေသေးတယ်...လင်းယွီကမသေသေးဘူး...သူ..သူနောက်ဆုံးတော့သူ့ မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှင်သန်လာခဲ့ပြီ....

🍫🍫🍫🍫🍫

နေ့လည်ခင်းဘက်တိုက်ခတ်လာသောလေပူကတစ်ချက်ချက်ဝှေ့လိုက်တိုင်း သူ့ဆံသားများအားမျောလွင့်သွားစေ၏။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now