Chapter 51(Uni)

9.9K 1K 56
                                    

Chapter 51.ရှန်းရှိန်း.. မင်းနဲ့အန်းချိန်ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်

" အန်းချိန်...ရဲကိုမြန်မြန်ခေါ်လိုက် "
ပိုင်ယွဲ့ကအော်ပြောလိုက်သည်

အန်းချိန်ကမူဖူ့ရှီဝိန်အားကြည့်ပြီးချီတုန်ချတုံနှင့်ပင်
" ရှီ..ရှီဝိန် "

ဖူ့ရှီဝိန်က နှစ်စက္ကန့်လောက်ငြိမ်သက်နေရင်းမှ
" ရဲကိုမခေါ်နဲ့ "

" ဖူကော..မင်းကဘာလို့အဲ့ဒီမျက်နှာနှစ်ဖက်နဲ့ကောင်ကိုကာကွယ်ပေးနေရသေးတာလဲ..အန်းချိန်အပေါ်ကိုမမျှမတနဲ့ဆက်ဆံနေတာလား "

ဖူ့ရှီဝိန်ကပိုင်ယွဲ့ကိုအေးစက်စက်မျက်နှာထားနှင့်
ကြည့်လိုက်တော့ပိုင်ယီဲ့ကမကျေမနပ်ဖြစ်ပြီးသူ့ပါးစပ်ကိုပိတ်လိုက်သည်

အန်းချိန်ကသူ့မျက်နှာအားငုံ့ထားကာသူ၏မျက်လုံးထဲတွင်လည်းနာကြည်းနေသည့်အရိပ်အယောင်များနှင့်ပြည့်နေ၏

............

လင်းယွီကသူ၏ပစ္စည်းများကိုထုပ်ပိုးလိုက်သည်
သူဤဒီနေရာတွင်တစ်နှစ်နီးပါးမျှနေထိုင်ခဲ့သည်ဆိုသော်လည်းသူပိုင်ဆိုင်သည့်ပစ္စည်းအများမပြားရှိမနေသည်ကိုတွေ့လိုက်ရ၏

သူကခရီးဆောင်အိတ်အားဆွဲလိုက်သည်
အိမ်အောက်ထပ်သို့ဆင်းလာသောအခါတွင်တော့လှေကားရင်းထောင့်စွန်း၌ချထားသောရွက်လှေပုလင်းလေးကိုတွေ့လိုက်ရသည်

မလိုတော့ပါဘူး..အလှဆင်ဖို့အတွက်ဘဲထားလိုက်တော့မယ်...
ပုလင်းလေးထဲရှိရွက်လှေလေးကအနည်းငယ်ရွဲ့စောင်းနေသောကြောင့်သူ၎င်းအားတည့်မတ်အောင်ပြန်လည်လုပ်ပေးလိုက်သည်

နောက်ဆုံးတွင်လင်းယွီက ကျီးကျီးကိုလှောင်အိမ်ထဲထည့်လိုက်သည်
( ကျီးကျီး ကကြက်မဟုတ်ပါဘူးနော်..ယုန်ရဲ့နာမည်လေးကိုအနီးစပ်ဆုံးယူထားတာပါ )

ကျီးကျီးကလှောင်အိမ်ထဲ၌နေကာပျော်ရွှင်နေဟန်ကသူသည်လည်းဤအိမ်ထဲမှအမြန်ဆုံးထွက်သွားရန်မျှော်လင့်နေသကဲ့သို့ပင်...

လင်းယွီ အပြင်ဘက်သို့ရောက်သောအခါတွင်တော့သူတစ်ချိန်ကနေထိုင်ခဲ့သည့်အိမ်လေးအားနောက်ဆုံးအနေနှင့်သေချာလှည့်ကာကြည့်လိုက်သည်..

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now