Chapter 47(ကလေးလိုချင်တယ်)

7.3K 766 12
                                    

Chapter. 47 .ကလေးလိုချင်တယ်
( ဤအပိုင်းသည် အမျိုးသားကိုယ်ဝန်ဆောင်များ
နှင့်ပတ်သက်သောအကြောင်းအရာများကိုထည့်သွင်းရေးသားထားသောကြောင့်၎င်းတို့အားမနှစ်မြို့သူများ မဖတ်ရှုရန်ကြိုတင်သတိပေးအပ်ပါသည်...ဤ novel သည်စိတ်ကူးယဉ်သက်သက်မျှသာဖြစ်ကာမည်သူတစ်ဉီးတစ်ယောက်ကိုမျှထိခိုက်စေလိုခြင်းမရှိပါကြောင်း )

" မရီး..ကျနော်မင်းကိုတွေ့ဖို့လာပြီ "

ရွှီချွင်ကအဖြူရောင်လီလီပန်းစည်းအားကိုင်ထားရင်းတံခါးကိုတွန်းဖွင့်လာ၏

လင်းယွီ၏ခြေနှင့်လက်နှစ်ဖက်စလုံးကအလွန်တရာမှအားနည်းနေခဲ့သောကြောင့်နံရံကိုမှီရင်းအိမ်သာမှထွက်လာခဲ့၏

ရွှီချွင်၏လက်ထဲတွင်လှပဖြူဖွေးသောလီလီပန်းစည်းရှိနေကာသူ့ကိုကြည့်ရသည်မှာနူးညံ့ပုံပေါ်ကာလူအများအားသက်တောင့်သက်တာဖြစ်နေစေသည်

လင်းယွီကအားတင်းကာပြုံးပြလိုက်ရင်း
" အားချွင်..ငါဒီမှာ "

ရွှီချွင်ကအလွန်အမင်းအံ့အားသင့်သွားပြီးသူ့လက်ထဲမှပန်းစည်းလေးကိုမြေပြင်ပေါ်သို့လွှတ်ချသွားမိကာပါးစပ်အားဖွင့်လိုက်ပြီး
" မရီး...မင်း.. "

Tick tock...(嘀嗒)

တစ်စက်စက်ကျနေသည့်ရေသံလေးလိုမျိုး....

လင်းယွီ၎င်းကိုသတိပြုမိသွားတာကြောင့်ခေါင်းကို
ငုံ့ကာကြည့်လိုက်ရာနီရဲတောက်ပြောင်နေသောသွေးများကသူ၏ပေါင်တံမှခြေသလုံးတစ်လျှောက်သို့
စီးဆင်းနေပြီးကြွေပြားခင်းထားသည့်ကြမ်းပြင်ပေါ်တွင်ထိတ်လန့်ဖွယ်ကောင်းသည့်သွေးအိုင်တစ်အိုင်ကိုဖြစ်ထွန်းနေစေ၏
(နီရဲတောက်ပြောင်-dazzle red )
....
လင်းယွီ၏အခြေအနေအားတစ်ချက်ကြည့်လိုက်ရင်းဆရာဝန်ကမျက်မှောင်ကိုကြုတ်လိုက်သည်

" ကိုယ်ဝန်ဆောင်ထားတဲ့အခါကျရင်မင်းခန္ဓာကိုယ်ကထိခိုက်လွယ်တာကြောင့်ကောင်းကောင်းဂရုစိုက်ပေးသင့်တယ်...ရက်အနည်းငယ်ကြာအောင်အစားမစားတာကဗိုက်ထဲက ကလေးကိုခံနိုင်ရည်ရှိစေမှာမဟုတ်ဘူး...နောက်ပြီး...မနက်ခင်းအားနည်းတာကတော့ပုံမှန်အခြေအနေဖြစ်ပြီးကလေးအတွက်ခံနိုင်ရည်ရှိအောင်တော့အစားကိုများများစားပေးရမယ်...အခုလိုမင်းရဲ့ခံနိုင်ရည်ကနည်းနည်းကောင်းနေတာကြောင့်မဟုတ်ရင်ကလေးကိုကယ်နိုင်မှာမဟုတ်ဘူး "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now