Chapter 70(Uni)

7.7K 812 53
                                    

Love Variety Show


" မစ္စတာကျီ့က ကလေးပါခေါ်လာမယ်လို့မသိလိုက်ဘူး "

လေယာဉ်ပေါ်မှဆင်းလာသော ကျီ့ရွှမ်ရွှမ် အား
ကြည့်ရင်း ရှောင်ကျန်းကမထင်မှတ်သောကိစ္စကိုတွေ့လိုက်ရသကဲ့သို့အံ့ဩစွာဆိုသည်။
   
ကျီ့ခယ်းသည်လည်း ကျီ့ရွှမ်ရွှမ်၏ခေါင်းကိုပွတ်သပ်ပေးလိုက်ကာ " သူကအရမ်းလိမ္မာပါတယ်..ရိုက်ကူးရေးကိုနှောင့်နှေးစေမှာကိုစိတ်မပူပါနဲ့"

ထိုစကားကြားတော့ ရှောင်ကျန်းသည်လည်း စိတ်ရှုပ်ထွေးစွာခေါင်းကိုကုတ်လိုက်သည်။သူ့တာဝန်မှာ ယနေ့၏အပျော်တမ်းဧည့်သည်အားကြိုရန်ဆိုပါသော်လည်း ဒါရိုက်တာက ထိုဧည့်သည်တွင်ကလေးပါလာမည်ဟူ၍တော့မပြောခဲ့ပါ။

သူကတစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက်
" အရင်သွားကြရအောင်...ကားကိုအပြင်မှာရပ်ထားတယ်...ကျနော်တို့ရဲ့နေရာကိုအရင်ဆုံးသွားပြီးမှ ကျနော်တို့အစီအစဉ်ရဲ့ အသံသွင်းမယ့်ပုံစံကိုရှင်းပြပေးပါမယ် "

" အားနာပါတယ်..ခဏလောက်စောင့်ပေးနိုင်မလား "
ကျီ့ခယ်းကိုဖုန်းခေါ်လိုက်သည်။

ရှောင်ကျန်း : " ကျေးဇူးပြုပြီးမြန်မြန်သွားပေးပါ..ကျနော်တို့ ကိုးနာရီခွဲရောက်မှဖြစ်မှာမို့ပါ "

လင်းယွီက ခေါင်းညိတ်လိုက်သည်။

တစ်ခဏကြာတော့ bohemian style နေကာမျက်မှန်ဖြင့်လူငယ်လေးတစ်ယောက်ကသူ့ဆီသို့ပြေးလာခဲ့၏။

" ကျီ့ကော..ကျနော်ဒီမှာ "

လုဟွေးက သူ့လက်ကိုဝှေ့ယမ်းပြရင်း ခရီးဆောင်အိတ်ဆွဲကာလာခဲ့သည်။

(JK/N: လုဟွေးက ကျီ့ရဲ့လက်ထောက်ပါ..အရှေ့ပိုင်းမှာ ရှောင်လုလို့ပါခဲ့ပါတယ်)

" Cindrella '' ရှိုးပွဲတွင်စုစုပေါင်း ကြယ်ပွင့်ငါးဉီးနှင့်အပျော်တမ်းဧည့်သည်ခုနှစ်ဉီးကိုဖိတ်ကြားထား၏။

လက်တွေ့ဆန်ဆန်ဖြစ်စေရန်အတွက် ရှိုးပွဲမှဖိတ်ခေါ်ထားသည့်အပျော်တမ်းဧည့်သည်များသည် သာမာန်လူများသာဖြစ်ကြပြီး အများပြည်သူ၏နေ့စဉ်ထိတွေ့နေသောလူများဖြစ်သည့် ၎င်းတို့က လုပ်ငန်းခွင်ဝန်ထမ်းများ..ဆရာ/ဆရာမ များနှင့်ဆရာဝန်များ အစရှိသဖြင့်ဖြစ်၏။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now