Chapter 11 + 12 ( Unicode )

6.9K 834 47
                                    


Chapter 11 နည်းနည်းညစ်ပတ်တယ်

"တစ်ကယ်တမ်းကကျနော်အပြင်ကိုထွက်လာတော့
လမ်းဘေးမှာနှင်းဆီပန်းရောင်းနေတဲ့လူတစ်ယောက်ကို
တွေ့လို့ဝယ်ခဲ့ပေးလိုက်တာ...ကိုယ့်ခယ်မလေးကိုနှင်းဆီပန်းလေးတောင်ပေးလို့မရဘူးလား "

ရွှီချွင်၏မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက
အလွန်ကိုမှအပြစ်ကင်းစင်ဟန်ပေါ်နေသည်
လင်းယွီကမည်သို့ပြန်‌‌ဖြေရမည်ကိုမသိသော်လည်း
သေချာသည့်အရာတစ်ခုကတော့
ဖူ့ရှီဝိန်သည်သူ့အားပန်းမပေးဖူးပါ...
တစ်ဖက်တွင်တော့ရွှီချွင်ကအသည်းကွဲနေခဲ့သည်

"ကောရဲ့အချစ်ဝါဒကြီးကိုကျနော်နားမလည်တော့ဘူး...
ခယ်မအရမ်းမှားသွားပြီ...
ဘာလို့ဒီလိုပန်းလေးပေးရမှန်းတောင်မသိတဲ့အစ်ကို့ကို
ကွာရှင်းပြီးကျနော်နဲ့အတူလာမနေရတာလဲ "

ကောင်လေးရဲ့မျက်လုံးများကတောက်ပနေကာအမှန်အတိုင်းပြောနေသည်ဟုပင်ထင်ရသည်
လင်းယွီကမရယ်ပဲမနေနိုင်တော့ပဲ
"အိုကေ...ကောင်းပါပြိ...နောက်နေတာရပ်လိုက်တော့...
ညစာသွားစားရအောင် "

" ကျနော်နောက်နေတာမဟုတ်ဘူး "
သူလင်းယွီ၏နောက်ကျောကိုကြည့်ရင်တိုးတိုးလေးပြောလိုက်သည်
" ကျနော်သာခယ်မလေးကိုအရင်တွေ့ခဲ့ရင်..... "

ရွှီချွင်ကကားနှင့်လာခဲ့သည်ဟုသူထင်လိုက်မိသည်
သို့သော်၎င်းသည်သူ၏အတွေးထဲမှဘီးလေးဘီးပါသောကားမဟုတ်ခဲ့ပါ...သူ့ရှေ့တွင်ရပ်ထားသည့်ကားကဘီးနှစ်ဘီးသာရှိသည်

၎င်းသည်အလွန်အမင်းတောက်ပကာယောကျာ်းလေးအများစုနှစ်သက်ကြသောဆိုင်ကယ်မျိုးဖြစ်နိုင်သည်
တစ်ကယ်တမ်းတွင်လင်းယွီသည်ရွှီချွင်ထက်အသက်တစ်နှစ်ခွဲမျှသာကြီးပြီးရွှီချွင်သည်ယခုနှစ်တွင်မှကောလိပ်ဝင်ခွင့်
စာမေးပွဲအားဖြေဆိုပြီးခြင်းဖြစ်သည်

ရွှီချွင်သည်လင်းယွီအားဆိုင်ကယ်ဦးထုပ်ကိုဆောင်းပေးလိုက်ကာ" ခယ်မလေး..ကြောက်ရင်ကျနော့်ခါးကိုဖက်ထားနော် "

မော်တော်ဆိုင်ကယ်သည်လျှပ်စီးလက်သကဲ့သို့
အရှိန်ပြင်းပြင်းနှင့်ပင်ထွက်ခွာသွားသည်
လင်းယွီသည်သူ၏နှလုံးသားထဲမှကြောက်ရွှံ့မှုကို
ထိတ်လန့်တကြားခံစားလိုက်ရပြီးရွှီချွင်၏နားနားသို့ကပ်ကာပြောလိုက်သည်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now