“ငါတို့....... ငါတို့သိပ်စိတ်လှုပ်ရှားစရာမဟုတ်တဲ့အရာကိုပြောင်း.... ပြောင်းလို့ရမလား......?”  ကျိရှင်းလန်က သူ့လည်ပင်းကို နှုတ်ခမ်းနဲ့ ပွတ်နေတာကို သတိထားမိတဲ့အခါ ယန်ချုံး က ရင်ဖိုစွာနဲ့ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့နားထဲ၌ ရယ်မောသံကို ကြားလိုက်ရသည်။  ကျိရှင်းလန်၏ နူးညံ့သောနှုတ်ခမ်းများက သူ့ရဲ့ အနည်းငယ်အေးစက်နေသောနားသီးလေးကို  ဖိထားသောကြောင့် ယန်ချုံးက တသိမ့်သိမ့်တုန်းနေတာကို မခံနိုင်တော့ချေ။

“မင်းဘာတွေတွေးနေတာလဲ ? မကောင်းတာတစ်ခုခုလုပ်ဖို့ ဒီလိုမျိုးအလျင်လိုနေတာလား ?” ကျိရှင်းလန် က ထိုင်ခုံခါးပတ်ကခလုတ်ကို နှိပ်လိုက်ပြီး ယန်ချုံးရဲ့ ထိုင်ခုံခါးပတ်ကို နောက်တစ်ကြိမ် ပြန်ဖြုတ်လိုက်သည်။

နောက်ဆုံး သူသဘောပေါက်မသွားခင် ကျိရှင်းလန် သူ့ကို ကားပေါ်ကနေ ဆွဲထုတ်လိုက်တာကို ယန်ချုံး ပဟေဠိဖြစ်စွာနဲ့ ကြည့်နေခဲ့တယ်။

ဒီကလေးဆန်တဲ့လူက သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ကားထဲက ဆွဲထုတ်ချင်ရုံပါပဲ။

ဓာတ်လှေကားထဲတွင် သူတို့ရပ်လိုက်သောအခါ၊ ယန်ချုံးက သူ့လက်ကို သဘာဝကျကျ ဆုပ်ကိုင်ထားတဲ့ ကျိရှင်းလန်ကို ကြည့်လိုက်သည်။  ကျိရှင်းလန်ကလည်း သူ့ဘက်သို့ ပေါ့ပေါ့ပါးပါးနဲ့စောင်းထားသဖြင့် ယန်ချုံးက အိပ်မက်တစ်ခုလို ခံစားလာရပြီး သူ့စိတ်ထဲတွင် မှင်သက်သွားလေသည်။

ဒါကြောင့် ဒါက ကျိရှင်းလန် သူ့ကို ဘယ်လောက် သဘောကျခဲ့သလဲဆိုတာပေါ့။


ယန်ချုံးကိုကြိုက်တယ်လို့ သူတစ်ခါမှ မပြောဖူးပေမယ့် အချစ်ဆိုတာက လူတစ်ယောက် ဖုံးကွယ်ထားနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အခုအဲ့တာကိုသူအကြောက်အလန့်မရှိ ထုတ်ဖော်နိုင်တော့မှ သူ့မျက်လုံးထဲမှာ အချစ်တွေက လက်တွေ့ကျကျ လျှံထွက်နေတယ်။

ကျိရှင်းလန်က အတိတ်ကအဖြစ်အပျက်များကို မပြောချင်ကြောင်းကို ယန်ချုံး ခံစားနိုင်သည်။  ဒါတွေက သူ့အတွက် ကောင်းမွန်တဲ့အမှတ်တရတွေ မဟုတ်ခဲ့ဘူးလေ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။حيث تعيش القصص. اكتشف الآن