သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍စိတ်မဝင်စားကြောင်းငြင်းဆိုလိုက်သည့် သားဖြစ်သူကြောင့် သူမ၌လည်းနည်းလမ်းတစ်စုံတစ်ရာမရှိတော့ပေ။

ချောင်ချုံးတျယ်:" ရှီဝိန်..ဒီတစ်ခေါက် F ​city မှာဘယ်နှရက်လောက်နေဖို့စဉ်းစားထားလဲ "

ဖူ့ရှီဝိန်: " ကျနော်မနက်ဖြန်ပြန်တော့မှာ "

" ဘာလို့ဒီလောက်ထိအလျင်စလိုဖြစ်နေရတာလဲ..နောက်ထပ်ရက်နည်းတည်းလောက်နေလိုက်ပါဉီးလား...F city ရဲ့ရှုခင်းတွေကအရမ်းလှတယ်..ဒီတစ်ခေါက် တကူးတကရောက်လာခဲ့ရတာကိုအခွင့်ကောင်းယူပြီး ရက်နည်းနည်းလောက်နားလိုက်ပါလား " သူမကဆိုသည်။

ဖူ့ရှီဝိန်က ပြုံးကာခေါင်းကိုတစ်ချက်ယမ်းလိုက်ပြီး
" အိမ်မှာကျနော်ပြန်လာဖို့ကိုစောင့်နေတဲ့ တစ်စုံတစ်ဉီးရှိသေးတယ်..အဒေါ်..နောက်တစ်ခေါက်အခွင့်အရေးရခဲ့ရင်တော့ ကျနော်သေချာပေါက်ကောင်းကောင်းလည်ပတ်ပါ့မယ် "

ဖူ့ရှီဝိန် ၏နူးညံ့ရိပ်သန်းနေသောအပြုံးကိုမြင်လိုက်ရသည့် ချောင်ချုံးတျယ် ကတစ်ခဏလောက်တော့အံ့အားသင့်သွားရလေ၏။သူမက ဆွံ့အမှုကြောင့် ပါးစပ်များပင်ပွင့်နေ၏။😦

အချိန်အတန်ကြာတော့ အသိမိတ်ဆွေတစ်ချို့က ချောင်ချုံးတျယ်ကိုလာရောက်နှုတ်ဆက်ကြသည်။

" အားနာတယ် ရှီဝိန်ရေ..အဒေါ့်ရဲ့မိတ်ဆွေတစ်ချို့ကိုသွားပြီးနှုတ်ဆက်လိုက်ဉီးမယ်နော် "

ချောင်ချုံးတျယ်ထွက်သွားပြီးနောက် ဖူ့ရှီဝိန်က ရေကန်နံဘေးရှိထိုင်ခုံလေးတွင်ဝင်ထိုင်လိုက်သည်။
သူက လက်ကိုင်ဖုန်းကိုထုတ်လိုက်ကာ wechat ထဲသို့အလျင်အမြန်ဝင်လိုက်သည်။

" အားယွီ..မနက်ဖြန်မနက် ၆ နာရီခွဲဆိုရင်လေယာဉ်ဆိုက်ပြီ...အဲ့ဒီအချိန်ဆို ကိုယ်အိမ်ပြန်ရောက်ပြီနော် "

" ကိုယ့်ကိုလွမ်းနေပြီလား.."

" ကိုယ်အန်းချိန်နဲ့သွားခဲ့တာမဟုတ်လို့ သဝန်လည်းမတိုနဲ့..စိတ်လည်းမဆိုးနဲ့နော်...စောစောအိပ်တော့ "

" ဝမ်အန်း " Good night

သူကဖုန်းကိုပိတ်ကာ အိတ်ကပ်ထဲသို့ထည့်လိုက်ပြီးဝိုင်တစ်ခွက်ကိုယူလိုက်သည်။ သူ့မျက်နှာပေါ်တွင်တော့တည်ငြိမ်အေးချမ်းသောအပြုံးတို့က နေရာယူနေခဲ့၏။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now