သို့သော်ဤကဲ့သို့လင်းယွီကထိုနေရာတွင်မလှုပ်မယှက်လဲလျောင်းနေသည်ကိုတွေ့လိုက်ရသည့်တစ်ခဏမှာတော့သူ့ဘဝတွင်ပထမဉီးဆုံးအကြိမ်အဖြစ်ကြောက်ရွှံ့မှုဟူသည့်ခံစားချက်ကိုခံစားလိုက်ရလေပြီ..

သူလင်းယွီထံဖြည်းညင်းစွာလျှောက်သွားလိုက်ကာကြောက်ရွှံ့တုန်လှုပ်မှု​ကြောင့်တုန်ရီနေသောသူ၏လက်ကိုလင်းယွီ၏နှာခေါင်းအောက်တွင်ထားလိုက်၏...လင်းယွီ၏အသက်ရှူသံခပ်ယဲ့ယဲ့ကိုခံစားမိလိုက်သည့်အခါတွင်မှဖူ့ရှီဝိန်၏နှလုံးသားကတစ်ဖန်ပြန်လည်ရှင်သန်လာသကဲ့သို့အခုန်မြန်နေခဲ့သည်

သူလင်းယွီအားဂရုတစိုက်နှင့်ကောက်ပွေ့လိုက်ရာ
လင်းယွီ၏သွေးပေနေသောလက်များကအလွန်တရာအေးစက်နေပြီးရုတ်တရက်လျှောကျသွား၏

" အား..အားယွီ...ကိုယ် ကိုယ်မင်းကိုလာခေါ်ပြီလေ..မ..မကြာခင်ဆရာဝန်ရောက်လာလိမ့်မယ်...အဆင်ပြေသွားလိမ့်မယ်..မကြောက်နဲ့တော့နော်...အဆင်ပြေသွားလိမ့်မယ် "

ရွှီချွင်ကဆရာဝန်ကိုခေါ်လာချိန်မှာတော့ဖူ့ရှီဝိန်က
လင်းယွီအားတင်းကြပ်စွာပွေ့ဖက်ထားသည်ကိုမြင်လိုက်ရ၏

" ကော...လင်းယွီကိုဆရာဝန်နဲ့အရင်ပြလိုက်ပါဉီး "

ဖူ့ရှီဝိန်က ခေါင်းကိုတရစပ်ငြိမ့်နေခဲ့ပြီးပါးစပ်မှလည်း " မြန်မြန်..မြန်မြန်လုပ် "

ဆရာဝန်ကလင်းယွီ၏လက်ကောက်ဝတ်နားလေးအားသေချာဖိစမ်းလိုက်ကာလေးနက်နေသည့်လေသံဖြင့်
" လူနာရဲ့သွေးခုန်နှုန်းကအရမ်းကိုအားနည်းနေပြီးကိုယ်ဝန်ပျက်ကျထားတဲ့လက္ခဏာတွေရှိနေတာကြောင့်အခုချက်ချင်းဆေးရုံကိုပို့မှဖြစ်ပါမယ် "

" ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာ? "
ဖူ့ရှီဝိန်က အံ့အားသင့်သွားရတယ်

ဆရာဝန်: " ကိုယ်ဝန်ကနှစ်လလောက်ရှိပါပြီ "

ဖူ့ရှီဝိန် သူ့ရင်ခွင်ထဲကဖြူဖျော့နေတဲ့ကောင်ငယ်လေးကိုကြည့်ပြီး
" အားယွီ...ဘာကြောင့်..ဘာကြောင့်ကိုယ့်ကိုမပြောပြခဲ့ရတာလဲ "

....................

လင်းယွီကအိပ်မက်ရှည်ကြီးတစ်ခုကိုမက်နေခဲ့တယ်
သူကသစ်တောတစ်တောထဲမှာရုတ်တရက်သူ့ပုခုံးပေါ်ခုန်တက်လာတဲ့ချစ်စရာကောင်းတဲ့ရှဉ့်လေးတစ်ကောင်နဲ့အတူမရပ်မနားဘဲလမ်းလျှောက်နေခဲ့ကြတယ်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now