လင်းယွီအလွန်အမင်းအံ့အားသင့်သွားသည်...

ထိုအခိုက်အတန့်လေးတွင်သူ၏ခန္ဓာကိုယ်အား
အေးစက်နေသည့်ပင်လယ်ပြင်ထဲပစ်ချလိုက်သကဲ့သို့အေးခဲသွားရ၏...သူနဲ့အန်းချိန်တို့နှစ်ယောက်စလုံးဒဏ်ရာရနေခဲ့ပေမယ့်ဖူ့ရှီဝိန်ကအန်းချိန်ကိုကယ်ဖို့အရင်ရွေးချယ်လိုက်တယ်

ဖူ့ရှီဝိန်က အန်းချိန်အားအမှန်တစ်ကယ်ချစ်မြတ်နိုးတယ်ဆိုရင်တောင်သူတို့ရဲ့ကလေးလေးကတော့အပြစ်ကင်းပါတယ်...ကလေးလေးကလောကအပြင်ဘက်ကိုစူးစမ်းဖို့အခုထိမထွက်လာရသေးဘူးလေ...

" ကယ် ပါ ဖူ့ ရှီ ဝိန်..ကျေး ဇူး ပြု ပြီး...ငါတို့ကလေးလေးကိုကယ်ပေးပါ....."

လင်းယွီကတိုးညှင်းစွာပြောနေခဲ့သည်..သူ့ဗိုက်ထဲမှနာကျင်မှုကြောင့်မျက်နှာကလည်းဖြူဖတ်ဖြူလျော်ဖြစ်နေခဲ့၏...သူအသည်းအသန်အကူအညီတောင်းနေပါသော်လည်းဖူ့ရှီဝိန်၏ရက်စက်သောစကားလေးတစ်ခွန်းက
" အားယွီ..ကိုယ်ပြန်လာခဲ့မယ်...စိတ်မပူပါနဲ့..မကြာခင်ပြန်ကောင်းသွားမှာ " တဲ့လား.....

ခြေသံတွေကတဖြည်းဖြည်းပျောက်ကွယ်သွားသလိုသူ့မျှော်လင့်ချက်လေးကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားခဲ့ရလေပြီ

အသံပျောက်သွားရာလမ်းကြောင်းတစ်လျှောက်
ကြည့်လိုက်တော့သူ့မျက်လုံးတွေကဝေဝါးနေပြီးမထင်မှတ်ဘဲမျက်ရည်များကအတားအဆီးမရှိစီးကျလာခဲ့တယ်

ဒါက အချစ်ခံရတဲ့သူနဲ့အချစ်မခံရတဲ့လူနှစ်ယောက်ကြားကကွာဟချက်ကြီးလား..

သူ့ခြေထောက်ကြားကနေသွေးတွေအဆက်မပြတ်စီးကျနေခဲ့ပြီးသူ့ဘောင်းဘီတစ်ခုလုံးကလည်း၎င်းတို့နှင့်စိုရွှဲနေခဲ့၏

" ကလေးလေး....တောင်းပန်ပါတယ် "
လင်းယွီ၏နှလုံးခုန်သံကရပ်သွားခဲ့လေပြီ......

................

ဖူ့ရှီဝိန်ကအလျင်အမြန်ပြန်လာခဲ့ရာလင်းယွီကမြေပြင်ပေါ်ရှီသွေးအိုင်ထဲတွင်လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏

သူ့အသက်ရှူသံတွေကရပ်လုမတတ်ဖြစ်နေရလေပြီ
သူရောက်လာခဲ့စဉ်ကဒီလောက်သွေးမထွက်နေခဲ့တာအထင်အရှားပါပင်...
ဖူ့ရှီဝိန်ကလင်းယွီအားဆုံးရှုံးရလိမ့်မည်ဟုတစ်ခါမျှပင်မတွေးခဲ့ဖူးပါ....

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now