" ရှန်းရှိန်း...အနာဂတ်မှာကျနော်မင်းကိုမလိုချင်တော့ဘူးလား..ကျနော် ရှန်းရှိန်း ရဲ့စကားကိုသေချာနားထောင်ပါ့မယ် "

" ရှန်းရှိန်း..ဝေါ်ရှီဟွမ်းနီ "( 先生,我喜欢你...
ရှန်းရှိန်း..ကျနော်မင်းကိုသဘောကျတယ် )
( ဘာရယ်မဟုတ်ဒီအတိုင်းရေးချင်လာလို့ )

ဖူ့ရှီဝိန် ရုတ်တရက်လန့်နိုးလာပြီးထုံးစံအတိုင်းလသာဆောင်သို့သွားလိုက်၏...လက်ကြားထဲတွင် စီးကရက်စ် တစ်လိပ်ကိုညှပ်ထားရင်းပြတင်းပေါက်မှနေ၍မှောင်မည်းနေသည့် ကောင်းကင်ယံကြီးအားလှမ်းကြည့်နေကာ သူ့မျပ်နှာကလည်းမသာမယာနှင့်အုံ့မှိုင်းနေသေး၏

( ဒီလောက်ဆိုရင်တော့အဲ့ဒီကလေးလေးက
အန်းချိန်လား..လင်းယွီလားဆိုတာကိုသိလောက်ပြီ
ပေါ့နော် )
....................

နွေရာသီပြီး၍ဆောင်းဉီးလေနဲ့ဆောင်းဉီးနှင်းမှုန်လေးတွေကတဖြည်းဖြည်းတိုက်ခတ်ကျဆင်းလာပြီ
ဖြစ်တာကြောင့်ရာသီဉတာကလည်းပိုမိုအေးလာပြီဖြစ်၏
( My Note : တရုတ်မှာ.နွေဉီး.နွေရာသီ.ဆောင်းဉီးဆောင်းရာသီ ဆိုပြီးလေးရာသီပဲရှိပါတယ် )

ဝမ်းယွီသည်အိမ်အောက်ထပ်၌မီးဖိုကိုကိုင်ထားရင်းလင်းယွီ တံခါးလာဖွင့်မည့်အချိန်ကိုစောင့်နေ၏

" ယွီကော..ကျနော့်အမေက ကောအတွက်မီးဖိုယူလာပေးခိုင်းလို့ "

ဝမ်းယွီကအန်တီရွှီ၏သားဖြစ်ကာရုပ်အရမ်းမချောသော်လည်းကြည့်ရတာတော့မဆိုးလှပေ..သူကအထက်တန်းကျောင်းကိုပင်ပြီးအောင်မတက်ခဲ့ဘဲအပြင်လောကသို့ခြေဆန့်သွားခဲ့သည်မှာနှစ်နှစ်ပင်ရှိပြီဖြစ်ပြီးမကြာသေးခင်ကမှအိမ်သို့ပြန်လာကာအနီးအနားရှိရေဆေးဆီလိုက်တွင်ကားရေဆေးသည့်အလုပ်ကိုလုပ်နေ၏

မီးဖိုများကအမှန်တစ်ကယ်ကိုလေးလွန်းလှသည်
ဝမ်းယွီကအရပ်ရှည်ပြီးသူ့ကိုကြည့်ရသည်မှာတော့
ထိုအရာများအားသယ်ထားရသည်မှာလေးနေပုံပင်မပေါ်နေပေ...၎င်းတို့ကမလေးလို့မဟုတ်ဘဲ
ဝမ်းယွီက လေးနေကြောင်းကိုမပြချင်တာဖြစ်ပေ
လိမ့်မည်

လင်းယွီကတတိယထပ်တွင်နေထိုင်၏
" အတူတူသယ်ကြရအောင် "
လင်းယွီက သူ့နဖူးပေါ်မှချွေးစက်များအားမြင်လိုက်ရ၍ထိုသို့ပြောလိုက်ခြင်း...

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ