ကလေးကသူ၏အပြုအမူအားကြည့်လိုက်ကာကြောက်လန့်တကြားနှင့်နှုတ်ခမ်းလေးကိုကိုက်
လိုက်ရင်းသူ့မျက်လုံးထဲမှမျက်ရည်များကလည်း
စီးကျချင်နေသဖြင့်အလွန်ပင်သနားစရာကောင်း
သည့်ပုံပေါက်နေပေသည်

ကလေးငယ်လေးကငိုချင်စိတ်ကိုထိန်းထားရာမှ
ဖူ့ရှီဝိန်ကအေးစက်နေသောလေသံဖြင့်
" အိမ်ပြန်တော့..ငါ့နောက်မလိုက်နဲ့တော့ " ဟူသောစကားကိုကြားလိုက်ရ၍မထိန်းထားနိုင်တော့ဘဲသူ့မျက်လုံးထဲမှပုလဲလေးသဖွယ်မျက်ရည်များကအတားအဆီးမရှိထိန်းမနိုင်သိမ်းမနိုင်စီးကျလာရ၏

ဖူ့ရှီဝိန်က လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘဲစိတ်ရှည်ရှည်ထား၍သာချော့မော့ပြောဆိုလိုက်၏
" စကားနားထောင်နော်...နေအရင်ကောင်းသွားကောင်အိမ်ပြန်ပြီးနားလိုက်တော့ "

ကလေးငယ်လေးကလည်းခေါင်းလေးကိုအသည်းအသန်ညိတ်ရင်း
" ဒါဆိုနောက်တစ်ခါ ကောတို့အပြင်ထွက်ကစားကြရင်ကျနော့်ကိုရောခေါ်သွားပေးလို့ရမလား "

" သေချာပေါက်ခေါ်သွားမှာပေါ့ "

....................

ဖူ့ရှီဝိန်တွင်အိပ်မက်တစ်ခုရှိသည်

၎င်းကသူအရင်ကတည်းကမက်ခဲ့သည့်အိပ်မက်လေးတစ်ခုဖြစ်သည်
သူဆယ်ကျော်သက်အရွယ်လောက်တုန်းကသူ့နောက်အားအမြဲလိုက်ချင်နေသောရပ်ကွက်ထဲကကလေးငယ်လေးတစ်ယောက်ရှိခဲ့၏
သူကထိုကလေးငယ်လေးအားမပထုတ်နိုင်သည့်အပြင်သူ၏ဇနီးဖြစ်ချင်သည်ဟုပင်ပြောခဲ့ဖူးသည်

ထိုကလေးဆန်ဆန်စကားလေးများကသူ့ပတ်ဝန်းကျင်ရှိလူငယ်လေးများအားရယ်မောစေခဲ့ပါသည်

ဖူ့ရှီဝိန်သည်ထိုကလေးငယ်လေးအားကျီစယ်နောက်
ကာရယ်မောနေခဲ့သော်လည်းထိုကလေးငယ်လေး
ကမူသူ့အစ်ကိုဖြစ်သူအားသဘောအလွန်ကျပြီး
သူနှင့်ကစားချင်သည်ဟုပြောနေစဉ်ကပင်သူ၏မျက်လုံးအရောင်လေးများကတောက်ပနေခဲ့ပါသေးသည်...

ထို့နောက်တွင်တော့သူ၏အိပ်မက်ထဲမှကလေးငယ်လေး၏မျက်နှာကတဖြည်းဖြည်းနှင့်မှုန်ဝါးလာပြီးလင်းယွီ၏မျက်နှာအဖြစ်သို့ပြောင်းလဲသွားခဲ့၏

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now