.......................

မွန်းတည့်ချိန်နိးလာသည်နှင့်အမျှဧည့်သည်တော်တော်များများကလည်းရောက်လာခဲ့ပြီဖြစ်၏
အများစုကဖူ့ရှီဝိန်နှင့်အန်းချိန်၏သူငယ်ချင်းဟောင်းများနှင့်စီးပွားရေးပါတနာများဖြစ်ကာ
တစ်ချို့ကလည်းချမ်းသာကာအာဏာရှိသောမိတ်ဆွေအပေါင်းအဖော်များဖြစ်သည်

သူတို့အားလုံးကအန်းချိန်အားသေသေချာချာသိကြပေသည်
" မရီး...အိမ်အသစ်ပြောင်းရလို့ဂုဏ်ပြုပါတယ် "

" ဒီအိမ်ရာကအရမ်းနာမည်ကြီးတာပဲ..စုစုပေါင်းအိမ်ရာ ၂၀ ထဲ​မှာ ဒါကလည်းနာမည်ကြီးတဲ့အထဲမှာပါတယ်...မနှစ်ကငါအမေ့အတွက်အိမ်တစ်လုံးရချင်ခဲ့တာ..ဒါပေမယ့်ငါမေးလိုက်တော့အကုန်လုံးရောင်းထွက်သွားပြီတဲ့လေ..ငါတောင်လုံးဝမဝယ်နိုင်ခဲ့တာကို ဖူကောကဝယ်နိုင်ခဲ့တယ်လေ..တစ်ကယ်ကိုအံ့ဩဖို့ကောင်းတယ် "

" ပြောမနေပါနဲ့ကွာ..အန်းချိန်ကကောင်းကင်ပေါ်က
လကိုလိုချင်တယ်ဆိုရင်တောင်မှ ဖူကောကသူ့
အတွက်သေချာပေါက်ယူပေးလိမ့်မယ် "

" အန်းချိန် အထက်တန်းတက်နေတုန်းက အန်းချိန်ကကျောင်းအပြင်ဘက်ကသရေစာမုန့်ကိုစားချင်တယ်လို့ပြောတော့ဖူကောကအတန်းအပျက်ခံပြီးနံရံကိုကျော်ပြီးသွားဝယ်ပေးခဲ့တာလေ..သူဝယ်ပြီးပြန်လာတော့ကျောင်းအုပ်ကဖမ်းမိသွားပြီးမတ်တတ်ရပ်နေခဲ့ရသေးတယ်လေ "

" ဖူကော နဲ့ကျနော်တက္ကသိုလ်အတူတက်တုန်းကလည်း မရီးရဲ့ပုံကိုကျောင်းဖိုရမ်မှာတွေ့တော့ဖူ့ရှီဝိန်က သူဘယ်သူလဲလို့ငါတို့ကိုမေးတယ်လေ...သေချာတာကတော့ ဖူကောကဒီလိုချောမောတဲ့သခင်ငယ်လေးကိုမြင်မြင်ချင်းချစ်မိသွားတာပဲဖြစ်ရမယ် "
( အထက်တန်းကျောင်းလို့ရေးလိုက် တက္ကသိုလ်လို့ရေးလိုက်နဲ့ဘယ်မှာအမှန်လဲတော့မသိတော့ပါဘူး )

" ဒါကတစ်ကယ်ကိုကောင်းကင်ဘုံကဖန်ဆင်းပေးထားတဲ့နတ်ဖက်တဲ့အတွဲပဲ "

ကျန်သောသူများကရယ်မောကြသည်

အန်းချိန်ကမူသူ၏နှုတ်ခမ်းတွင်စစ်မှန်သည့်အပြုံးတစ်စုံကိုချိတ်ဆွဲထားလေ၏

လေထုကအလွန်အမင်းပင်လိုက်လျောညီထွေဖြစ်လှသည်

လင်းယွီသည် သူ၏ခင်ပွန်းနှင့်အန်းချိန်တို့၏
ချိုမြိန်လှသည့်အတိတ်အကြောင်းကိုမထင်မရှားထောင့်လေးတစ်နေရာ၌ထိုင်ကာနားထောင်နေခဲ့ရ၏
ထို့အပြင်သေချာမကြည့်လျှင်ပင်သူ၏မျက်ဝန်းထဲမှဖုံးကွယ်ထားခြင်းမရှိသောအထီးကျန်ဆန်မှုကိုမြင်နေရသေး၏...

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now