အန်းချိန်၏ကျောပြက်တစ်ဝက်လောက်လိမ်းပြီး
နောက်တွင်တော့ နေကာခရင်မ်ဘူးကကုန်သွားလေပြီ...

" ခရင်မ်က ကုန်သွားပြန်ပြီလား "
အန်းချိန်ကမှောက်ရက်လှဲနေရာမှပက်လက်လှန်လိုက်ကာသူ့လက်အားခေါင်းအနောက်တွင်ထားရင်းပြောလိုက်သည်

" ဒါကကုန်တာမြန်လိုက်တာ..အာ..မနက်ကအသစ်ထုတ်ထားတဲ့ဘူးတစ်ဘူးရှိသေးတယ် "
" အားယွီ..ငါ့အခန်းထဲမှာအဲ့ဒီဘူးလေးသွားယူကူပေးပါလား...နီးနီးလေးပဲ..ဒုတိယထပ်ကအခန်းထဲမှာရှိတယ်..တံခါးလော့ခ်နံပါတ်က 7789 "

လင်းယွီကခဏလောက်တုံ့ဆိုင်းပြီးနောက်မှ
" မင်းရဲ့ဝန်ထမ်းတွေကိုယူခိုင်းလိုက်ပါလား "

" အမှန်တော့သူတို့ကဒီနေ့ငါ့ရဲ့ပါတီပွဲအတွက်မနက်ငါးနာရီကတည်းကအလုပ်များနေကြတာ...မေ့လိုက်ပါတော့..ငါ့ဘာသာငါပဲသွားယူတော့မယ်..သူများကိုမနှောင့်ယှက်ချင်တော့ဘူး "
အန်းချိန်ကပြောရင်းနှင့်ပင်ထလိုက်သည်

သူမတ်တတ်ရပ်လိုက်သည်နှင့်လဲကျလုနီးပါးဖြစ်သွားခဲ့သည်

" အဆင်ပြေရဲ့လား "
လင်းယွီကသူ့ကိုထိန်းပေးလိုက်၏

" ရပါတယ်..အဆင်ပြေတယ်.. "
အန်းချိန်ကသူ့လက်ကိုဝှေ့ယမ်းပြလိုက်ကာ
" ရေစိမ်လိုက်တာနည်းနည်းကြာသွားတော့ငါ့ခြေထောက်ကလည်းနည်းနည်းယိုင်သွားတာ..
ဒါပေမယ့်အဆင်ပြေပါတယ်လေ "

လင်းယွီကအန်းချိန်အားကူညီပေးဖို့ရန်သာစဉ်းစားလိုက်၏..နေကာခရင်မ်လေးတစ်ဘူးယူပေးလိုက်တာပဲလေ..ဘာပြဿနာမှမဖြစ်လောက်ပါဘူး

" ငါမင်းကိုကူညီပေးမယ်လေ..မင်းရဲ့အခန်းကဘယ်မှာလဲ "

အန်းချိန်ကကျေးဇူးတင်စွာဖြင့်ပင်
" အားယွီ..မင်းကအရမ်းသဘောကောင်းတာပဲ..
ဒုတိယထပ်ရဲ့ဘယ်ဘက်ကပထမဆုံးအခန်းမှာရှိတယ်...တံခါးလော့ခ်နံပါတ်က 7789 "

လင်းယွီကနေကာခရင်မ်ယူရန်အန်းချိန်ပြောသည့်နေရာသို့သွားလိုက်သည်
" ကျေးဇူးတင်ပါတယ်အားယွီ "

အန်းချိန်က လင်းယွီအတွေးမလွန်စေရန်ရိုးရိုးသားသားလေးပြုံးပြလိုက်သည်

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now