'ဆိုးလိုက်တာ ' ယန်ချုံး  တွေးလိုက်မိသည်။

'ပြီးသွားပြီ ငါတကယ် စွဲလန်းသွားပြီ '

'ဘာလို့ သူ့ရနံ့က အရမ်းကောင်းနေတာလဲ ? '

ကျိရှင်းလန် ယခင်က အသုံးပြုခဲ့သော အရာများကို ရှူမိပါက အရူးတစ်ယောက်လို ဖြစ်နေမည်ကို ယန်ချုံး သိထားသော်လည်း ထိုအချိန်တွင် သူ့အလိုလို တွန်းအားပေးမှုကို မခံနိုင်တော့ပေ။  သူက အစာအာဟာရကို တောင့်တရင်း သေနေသော ငါးတစ်ကောင်လိုပင်။  သူက ကျိရှင်းလန် Pheromones ရနံ့ကို လျှို့ဝှက်စွာ ရှူရှိုက်နိုင်သော်လည်း အခြားတစ်ယောက်က သူ့ကို ဂရုမစိုက်ပေ။

အဲဒီရနံ့က တကယ်ကောင်းပါတယ်။  Pheromones အနံ့က သူ့နှလုံးသားထဲကို ဌက်မွေးလေးနဲ့ ယားယံသွားအောင် ပွတ်တိုက်သွားသလိုမျိုးပဲ - ကျိရှင်းလန်ရဲ့ pheromoneများဖြင့် လွှမ်းခြုံသွားတာကို သူတကယ်လိုချင်သည်။

ယမ်ချုံး မနေ့က သူဝတ်ထားတဲ့ ညအိပ်ဝတ်စုံတွေကို ရှာမတွေ့ခဲ့ဘူး။သူ မနေ့ညက  ညစ်ပတ်အောင်လုပ်မိပြီးနောက် ကျိရှင်းလန် ယူသွားတာပဲဖြစ်ရမယ်။  ကံကောင်းစွာပဲ၊ ကုတင်ဘေးက ဗီရိုပေါ်မှာ သန့်ရှင်းတဲ့အဝတ်အစားတွေ ရှိနေတာကြောင့် ယန်ချုံးက သူတို့ကို ယူလိုက်တယ် ။ 

ယန်ချုံး တကယ်ကို ရှက်ရွံ့သလို ခံစားခဲ့ရပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် အဝတ်လဲလိုက်တယ်။

ကျိရှင်းလန် ထွက်သွားတဲ့အတွက် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့ ထွက်သွားခဲ့တာ ဖြစ်နိုင်တယ်။

ယန်ချုံး အောက်ထပ်ဆင်းသွားချိန်မှာ ကျိရှင်းလန်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ကြောင်လေးနှင့် ကစားနေသည်ကို တွေ့လိုက်ရသောအခါတွင် သူ သက်တောင့်သက်သာ ခံစားရလေသည်။  လန်လန်က ထုံးစံအတိုင်း ကျိရှင်းလန်ကို မုန်းတီးသည်။ ကျိရှင်းလန် သူ့ကိုကိုင်တဲ့အခါမှာ သွားတွေဖြဲပြပြီး လက်သည်းတွေထုတ်လိုက်ပေမယ့် ယန်ချုံးကိုမြင်လိုက်တာကြောင့် ကျိရှင်းလန်ရဲ့ လက်နှစ်ဖက်ကနေ ချက်ချင်း ခုန်ထွက်ပြီး ယန်ချုံး ရဲ့ ခြေရင်းဆီ ပြေးလာတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now