ယန်ချုံး က ကျိရှင်းလန်နဲ့ အရမ်းနီးနီးကပ်ကပ်မနေဘူးလို့ ရှဲ့ယွီကို ကတိပေးခဲ့ပေမဲ့ သူ့ကလေးကိုဘယ်လိုလွယ်ပေးထားရသလဲဆိုတာကို သတိရသွားတယ်။

ရှဲ့ယွီသာ အမှန်တရားကိုသိလျှင် သူ့မှာဘယ်လို အတွေးမျိုးရှိလိမ့်မလဲဆိိုတာကို တွေးတောနေမိသည်။

သို့တိုင် သူက တစ်စုံတစ်ဦးနှင့် စကားပြောရန် အချိန်ရှိသော်လည်း ကျိရှင်းလန် ထံသို့ မက်ဆေ့ချ်ပို့ရန် အချိန်မရရှိခဲ့ပေ။  ယန်ချုံးက ဒါကို သတိရသွားတဲ့အခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရတယ်။

ကျိရှင်းလန်က သူ့ကိုအလျှော့မပေးခင် စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေတယ် "အဲ့ဒီတော့?"

  “အဲဲဒီတော့။  ငါတခြားဟာဘာလုပ်နိုင်မယ်လို့မင်းထင်လဲ?"  ယန်ချုံးက သူ့ကိုယ်သူ ပဟေဠိဖြစ်သွားသည် ။

ကျိရှင်းလန်က သူ(ယန်ချုံး)၏ အချစ်ဆုံးသူငယ်ချင်း ရှဲ့ယွီ ကို မနာလိုဖြစ်ခဲ့ရင် ကျိရှင်းလန်က ရှိရှိသမျှ အရာအားလုံးကို မနာလိုဖြစ်နိုင်သည်ဟု ဆိုလိုသည်။ကြောင်ကိုလည်း သူ မနာလိုဖြစ်မယ်လို့ ဆိုလိုတာလား?

"မင်းစိတ်တွေ ရိုင်းစိုင်းနေတာကို ရပ်လိုက်တော့။  ရှဲ့ယွီက ငါ့သူငယ်ချင်း။ငါ သူ့ကို ကြိုက်တာထက် မင်းကိုမကြာခင်မှာကြိုက်လာမှာ ” လို့ ယန်ချုံးက ဆိုလိုက်သည်။

ကျိရှင်းလန် က "အဲ့တာကိုထပ်ပြောကြည့် " လို့ မပြောခင် ခဏလောက် တိတ်သွားတယ်။

"ရှဲ့ယွီ က ငါ့သူငယ်ချင်းပဲ"  ထို့ကြောင့် ယန်ချုံးက ထပ်ခါထပ်ခါပြောလိုက်သည်။

“ နောက်ထပ်စကားစု ”

“ငါ သူ့ကိုကြိုက်တာထက် မင်းကိုမကြာခင်မှာကြိုက် —အွန်း?!”

ရုတ်​တရက်​ အနမ်းက ယန်ချုံး ကို လုံးဝသတိလွတ်ထွက်သွားစေတယ်။ ကျိရှင်းလန် ရုတ်တရက် ဘာဖြစ်သွားမှန်းတော့ သူမသိပေမယ့် ကျိရှင်းလန် က ကြောင်တစ်ကောင်လို သူ့နှုတ်ခမ်းတွေကို လျှက်နေလေရဲ့။ထို့နောက် သူ့မော့ကြည့်ပြီး ပြုံးကာ "ငါလည်း မင်းကို ကြိုက်တယ်" လို့ ပြောလိုက်တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now