Chapter 3+4 ( Unicode )

11.1K 1K 21
                                    

Chapter 3: သူ့ကိုနမ်းချင်တယ်


နောက်တစ်နေ့နံနက်လင်းယွီနိုးလာချိန်တွင်မူ
ဖူ့ရှီဝိန် ကအိပ်မောကျနေတုန်းရှိသေးသည်။ထူထဲသောကုလားကာများကအခန်းကိုဖုံးအုပ်ထားသောကြောင့်အလင်းရောင်ကမှိန်ဖျဖျသာရှိနေသည်။လင်းယွီသည်သူ၏လှပသောမျက်လုံးလေးများကိုဖွင့်ကာသူ့ဘေးနားတွင်အိပ်နေသည့်ဖူ့ရှီဝိန်အားတိတ်တဆိတ်လေးစိုက်ကြည့်နေလိုက်သည်။ဖူ့ရှီဝိန်၏လှပသောမျက်ခုံးမွှေးလေးများကိုသူ့နှလုံးသားထဲရှိလှပသောပုံစံများဖြင့်ထပ်ခါ
ထပ်ခါခြယ်သနေခဲ့သည်....

ဖူ့ရှီဝိန်သည်မျက်ခုံးနက်နက်,ဖြောင့်စင်းနေသောနှာတံနှင့်ပါးလွှာသောနှုတ်ခမ်းသားများရှိတာကြောင့်သူမြင်ဖူးသမျှထဲတွင်ရုပ်ထွက်အကောင်းဆုံးအမျိုးသားတစ်ဉီးအဖြစ်သတ်မှတ်ထားလေသည်။သူ၏ခင်ပွန်းဖြစ်သူမှာအလွန်ပင်ချောမောသောကြောင့်အကြိမ်ပေါင်းတစ်သောင်းမကကြည့်လျှင်ပင်ကြည့်လို့ဝနိုင်မည်မထင်ပါ။
ထိုကဲ့သို့မဟုတ်ပါလျှင်လင်းယွီကထိုလူနှင့်ပထမဆုံးအကြိမ်တွေ့ရသည့်အချိန်ကအဘယ်ကြောင့်ရှက်ရွှံ့စွာဖြင့်စကားတစ်ခွန်းမျှမပြောနိုင်ဘဲနှလုံးခုန်သံများကသာပေါက်ထွက်တော့မည့်သယောင်ရှိနေခဲ့ရသနည်း..


လွန်ခဲ့သည့်တစ်နှစ်တုန်းကအဖြစ်အပျက်များအကြောင်းကိုတွေးနေသည့်သူ၏အတွေးများလွင့်စင်သွားပြီးနောက်မစ္စတာဖူကရုတ်တရက်သူ့အားအန္တရာယ်ထဲမှဆွဲထုတ်ပေးခဲ့သည်ကိုသတိရလိုက်မိသည်သူ့ဘဝ၏အကောင်းဆုံးအရာတစ်ခုကဒီလူနှင့်တွေ့ဆုံခဲ့ခြင်းပင်ဖြစ်ပေလိမ့်မည်

ယခုလည်းအလာတူပင်မပြောင်းလဲပါပေ...

လင်းယွီကဖူ့ရှီဝိန်၏နှုတ်ခမ်းပါးလေးအားနမ်းချင်နေပါသော်လည်းတစ်ဖက်ကသူအနားယူနေသည်ကိုနှောင့်ယှက်သလိုဖြစ်သွားမှာစိုးရိမ်နေသည်ထို့ကြောင့်လင်းယွီသည်သူ၏စိတ်ထဲမှအတွေးအားဖျောက်လိုက်ကာသတိကြီးကြီးနှင့်လှုပ်ရှား၍
ထသွားကာမီးဖိုချောင်တွင်းသို့ဝင်သွားလိုက်တော့သည်။

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now