အပိုင်း ၄၉

Mulai dari awal
                                    

သူစိမ်းတွေတောင်မှ သူတို့စကားတွေကို ကြားတော့ ရယ်သွားကြတယ်။

"သူတို့ လေ့လာစစ်ဆေးချက်တွေ သေသေချာချာလုပ်ထားတာလား? ဟုတ်တာပေါ့ ငါ တစ်ခုခုတော့ ရအောင် သင်လိုက်ရပါတယ်!" အသက်နှစ်ဆယ်အရွယ်ရှိတဲ့ ကောင်မလေးက သူမသူငယ်ချင်းကို ပြောလိုက်တယ်။ "ငါတို့နိုင်ငံမှာ ဆင်းရဲတဲ့လူတွေမှ အများကြီး ဒါဆို သူတို့တွေရဲ့ သားသမီးတွေအကုန် ဂြိုလ်ဆိုးတွေ ဖြစ်ကုန်မှာပေါ့"

"တောင်းပန်ပါတယ် ငါလည်း ဂြိုလ်ဆိုးထဲက တစ်ယောက်ဘဲ" ဘေးက ကောင်မလေးက လှောင်ပြောလိုက်တယ်။

မခံချိမခံသာအောင် လုပ်နိုင်တဲ့ လူတွေရဲ့ အကြည့်တွေက လျိုကျီကျင်းကို ရှက်ရွံ့စေပြီး သူမမျက်နှာကို နီရဲစေတယ်။

သူမ ရှရှီပေကို ဒေါသ ရှက်စိတ်တွေနဲ့ ကြည့်လိုက်ပြီး သူမကို ပြန်တိုက်ချင်တဲ့ စိတ်ကို ထိန်းထားနေရတယ်။

သူမ ဘာလို့ရှရှီပေက ဉာဏ်ထက်လာပြီး နှုတ်သီးကောင်းလျှာပါးရှိမှန်းမသိခဲ့ဘူး ဘာလို့လဲဆို အရင်တုန်းက သင် သူမကို တုတ်နဲ့ ရိုက်ရင်တောင် သူမက စကားတစ်ခွန်းမှ ပြန်ပြောမှာ မဟုတ်လို့ဘဲ။

"ငါထင်တာကတော့ နင်က ငါ့ထက် ပိုပြီး ဂြိုလ်ဆိုးဝင်နေသလားလို့ နင့်မောင်လေး...သူက နင့်ကြောင့် ဖျားသွားရတာလေ မဟုတ်ဘူးလား?"

သူမစကားတွေက လျိုကျီကျင်းကို နှလုံးခုန်မြန်စေပြီး မျက်နှာလေးကို အလွန်ဖြူဖျော့သွားစေတယ်။

သူမမောင်လေးက သူမထက် ရှစ်နှစ်လောက်ငယ်ပြီး သူတို့မိသားစုရဲ့ ကလေးလေး သူမမောင်လေးမွေးပြီးကတည်းက သူမမိဘတွေနဲ့ အကြီးအကဲတွေက သူ့ကို ပိုပြီး ချစ်လာကြပြီး သူမကို ချစ်တာထက်ကို အကဲပိုလာကြတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမမိဘတွေမရှိတုန်း သူမမောင်လေးက အပြင်းဖျားခဲ့တယ်။ သူမမိဘတွေကို သူမပြန်ပြောမပြခဲ့ဘူး ဒီအကြောင်းကို သူမတစ်ယောက်ထဲ ဖုံးထားခဲ့တယ်။

သူမမိဘတွေ သိတော့ သူမမောင်လေး အဖျားက တော်တော်ပြင်းထန်ပြီး ဦးနှောက်ကို ထိသွားတယ်။ သူက အခု ကျပ်မပြည့်ချင်သလို ဖြစ်နေတယ်။

ရက်စက်သောနတ်ဘုရားမTempat cerita menjadi hidup. Temukan sekarang