အကြွေးရှင်

4K 526 3
                                    

Unicode

ရှရှီပေရဲ့ ရုတ်တရက် ပြောင်းလဲမှုက ကျင်ယာကျန်း ကို ခြောက်လန့်နေတယ်

ဒါပေမယ့် သူမ စကားတစ်ခွန်းမှ မဟ ခင်မှာဘဲ ရှရှီပေ ပြောလိုက်တယ်

"နင့်ကြောင့်သာ မဟုတ်ရင် ငါ ယန်ရွှမ့်ကို ပိုက်ဆံ ဒီလောက် အများကြီး ချေးမလား နင့်စကားကို နင် မတည်နိုင်ဘူးလား နင် ငါ့ဆီက ပိုက်ဆံမချေးဘူးဆိုပြီး ? ငါနင့်ကို ချေးထားတဲ့ ယွမ် ၂၀၀၀၀ ကကော အဲ့တာက အတုလား ဘာလား?"

ရှရှီပေရဲ့ စွပ်စွဲချက်က ကြည့်နေတဲ့ အတန်းသားတွေကို ပါးစပ် ဟောင်းလောင်း ဖြစ်စေတယ် "ယွမ် ၂၀၀၀၀?!"

တော်တော်များများက ချမ်းသာတဲ့ အသိုင်းအဝိုင်းက လာ‌ပြီး မုန့်ဖိုး များများ ရကြပေမယ့်လည်း ယွမ် ၂၀၀၀၀ က သူတို့အတွက် တော်တော် များတဲ့ အမောင့်လို့ ပြောလို့ရသေးတယ်

ကျင်ယာကျန်း က ယန်ရွှမ်ကို ပိုက်ဆံ ဒီလောက်အများကြီး ချေးပေးမယ်လို့ သူတို့ မထင်မှတ်ထားဘူး သူမက ဒါကို ငြင်းချင်သေးတယ် တော်တော် ရှက်စရာကောင်းတာဘဲ!

" နင် ငါ့အခြေအနေကို သိပါတယ် ငါ့မိဘတွေက ငါ့ကို ထားခဲ့ကြတယ် ငါ့မှာ တစ်လမှ ယွမ် ရာဂဏန်းလောက်ဘဲ ရတယ် စားသောက်ရဖို့တောင် ကိုယ့်ဘာကို အပြင်ထွက်ပြီး အလုပ်လုပ်နေတာ ဒါတောင် တစ်လ လုပ်အားခက ယွမ် ၁၅၀၀ ရှိတယ် ကိုယ့်ဘာကိုတောင် မုန့်မစားရက်ဘဲနဲ့ နင်တို့ကို ဝယ်ကျွေးနေရတယ် ဒီ ယွမ် ၂၀၀၀၀ က ငါ့ ချွေးနည်းစာလေး ငါ ကောလိပ် တက်ဖို့ စုထားတာ!"

ရှရှီပေရဲ့ မျက်လုံးမှာ မျက်ရည်ဝိုင်းနေပြီ

"ကျင်ယာကျန်း နင်ဒီလို မလုပ်သင့်ဘူး ‌နင် ချေးထားတဲ့ ပိုက်ဆံကို ဆပ်ရမှာ ထုံးစံဘဲ နင် ကျိုးကြောင်းမဆီလျော်တဲ့ သူဖြစ်လို့မရဘူးလေ!"

"ငါထောက်ခံတယ် ရှရှီပေက နေထိုင်စားသောက်ဖို့ အလုပ်လုပ်နေရတာ သူ ဒီလို လုပ်နေတာ နင်တို့နှစ်ယောက်ကို ကျွေးမွေးဖို့လို့ ထင်နေတာလား?"

သူတို့ ရှရှီပေကို မကြိုက်ပေမယ့်လည်း ကျင်ယာကျန်းကိုလည်း နှစ်သက်နေတာမဟုတ်ဘူး သူမ ယောက်ျားလေးတွေနဲ့ ပလူးနေတာကိုက သူမ အမှားဘဲ

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now