အပိုင်း ၈၇

2.8K 333 2
                                    

Unicode

- ချောက်ချခြင်း (၄)

ရှရှီပေ သူမထိုင်ခုံကနေ ချက်ချင်း ထလိုက်တယ်။ တည်ငြိမ်အေးဆေးတဲ့ သူမရုပ်သွင်ကလွဲလို့ သူမ ပုံစံက ထောင်ယွယ်ယင်းထက် အားကောင်းတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်။

"နင် ဘာပြောလိုက်တာလဲ? ပြန်ပြောပါဦးလား?"

သူမ အရောင်အဝါက အရမ်းကောင်းလွန်းတာကြောင့် ထောင်ယွယ်ယင်း နောက်ဘက်ကို မနေနိုင်ဘဲ အနည်းငယ်ဆုတ်သွားတော့တယ်။

သူမကိုယ်သူမ သရဲဘောကြောင်နေတာကို သတိထားပြီး သူမ ပါးတွေကရဲသွားကာ သူမစိတ်ကိုယ် သူမ ပြန်စုစည်းလိုက်တယ်။

"နင် ငါ့ကို ဝင်တိုက်ပြီးတဲ့နောက် ငါ့ လက်ကောက်ပျောက်သွားတယ် နင်ယူထားတာလား?" သူမ မှန်ကန်တဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်။

အနောက်မှာ ပုန်းနေပြီး ဒရာမာကိုကြည့်နေကြတဲ့ အခြားမိန်းကလေးတွေနဲ့ ရှချင်းဟန်ကို ကြည့်လိုက်ပြီး ရှရှီပေ မနေနိုင်ဘဲ ထေ့ငေါ့လိုက်တယ်။ "နင် လက်ကောက် ပျောက်တာက ငါနဲ့ ဘာဆိုင်လို့လဲ? ပြီးတော့ နင့်ရဲ့ ပျောက်နေတဲ့ ပစ္စည်းကို ရှာချင်ရင် ဆရာမဒါမှမဟုတ် ရဲကို ပြောရမှာပေါ့ အဲ့အစား ငါ့ကို ဘာလို့ ရှာတာလဲ?"

"ရှရှီပေ လက်ကောက်ကို ငါတို့ကို ပြန်ပေးရင် ငါတို့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ် ဒီကိစ္စကိုသာ ငါတို့ ဆရာမကို တိုင်လိုက်ရင် နင်တော့ ကိစ္စပြတ်ပြီဘဲ"

လျိုကျီကျင်းနဲ့ ထောင်ယွယ်ယင်းက ပြည့်စုံတဲ့ အတွဲညီမှုနဲ့ တစ်ယောက် နောက်က တစ်ယောက် လိုက်ပြောလိုက်တယ်။

"ဟဟ" ရှရှီပေ တခစ်ခစ် ရယ်လိုက်တယ်။ ပြီးနောက် သူမ မျက်နှာက တစ်ခဏအတွင်း ပျက်သွားကာ အော်ပြောလိုက်တယ်။ "ထွက်သွားစမ်း!"

အော်သံက လူစုကို ကြောက်ပြီးတောင် ခုန်သွားစေတယ်။

"နင်..နင်...ငါတို့ကို ဘာလို့ အော်နေတာလဲ?! နင် ဘာလို့ လက်ကောက်ခိုးတာကို ငြင်းနေရတာလဲ?!"

အခြားကောင်မလေးတွေက ရှရှီပေရဲ့ အပြုအမူကြောင့် ဒေါသထွက်ကုန်ကြတယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now