အပိုင်း ၁၃၁

2.6K 304 2
                                    

Unicode

- အဲ့ကောင်မလေးက တော်တော်ခက်တာဘဲ

ဟော်ဇီကျွင်းနှင့် လက်အောက်ငယ်သားအနည်းငယ်တို့ ကြောင်အသွားပြီး သူတို့အရှေ့က မြင်ကွင်းကို စိုက်ကြည့်နေကြသည်။

သူတို့ အိပ်မက်ယောင်နေတာလား? အဲ့တာချောင်ရန်ကျွယ်လား?!

သူတို့သိသည့် ချောင်ရန်ကျွယ်၏ အဘိဓာန်ထဲမှာ "လျှော့ပေးခြင်း" နှင့် "ညင်သာမှု" တို့ဆိုတာ မရှိ!

ရှရှီပေ အရှေ့မှာ သူက ဘာလို့ ကျိုးနွံနေရတာလဲ?!

ရှရှီပေ နည်းနည်းအံ့ဩသွားသည်။ ဒါပေါ့ သူမ ချောင်ရန်ကျွယ် ဘယ်လောက်ကြမ်းမှန်း သူမသိတာပေါ့။

သူက လွယ်လွယ်နဲ့ပြောလို့ရရင် လူအများချစ်ကြောက်ရိုသေဆုံးဖြတ်ချက်ခိုင်မာသည့် သခင်ကျွယ် ဖြစ်လာပါ့မလား?

သူ သေနတ်ထုတ်ပြီး သူမကို ပစ်လာရင်တောင် ထင်ထားသလိုပင်။

သို့ပေမယ့် အခု သူ တကယ်ဘဲ သူမကို ညင်ညင်သာသာပြော‌ေနေတော့ ရှရှီပေ အိပ်မွေ့ချခံရသလားတောင် ခံစားလိုက်ရသည်။

"အခုက အရမ်းနောက်ကျနေပြီ ဒီနားမှာ တက္ကစီမရှိလောက်တော့ဘူး မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် သေချာပေါက် ပင်ပန်းမှာဘဲ ဘယ်လိုနေနေ ကိုယ်နဲ့လမ်းတူ‌ေနတာဘဲ ကိုယ် မင်းကို ပြန်လိုက်ပို့ပေးလို့ရတယ်" ချောင်ရန်ကျွယ်၏ ပုံမှန် အေးစက်သော မျက်နှာက နူးညံ့သွားသည်။ "အဲ့လိုဆို ရလား?"

ရှရှီပေ ချောင်ရန်ကျွယ်ကို တစ်ယောက်ယောက် လူလဲသွားသည်ဟု ခံစားရကာ သူ့ကို စိတ်ဗလာဖြင့်ကြည့်လိုက်သည်။ သူက ဘာလို့ အဲ့လောက် ညင်သာနေရတာလဲ?

"ကျွန်မ..."

သို့ပေမယ့် ထူးဆန်းနေသည့် ချောင်ရန်ကျွယ်ရှေ့တွင်တော့ ရှရှီပေ အရင်စိတ်ထားထားလို့မရတော့။

သူမ အကြမ်းပတမ်းနှင့်တွေ့ရင် ကြမ်းပြီး သူများက သူ့ကို လာကြမ်းရင် သူမက ပိုကြမ်းရလိမ့်မယ်!

သို့‌ေပမယ့် အခြားသူက နူးညံ့နေရင် သူမ အေးစက်နေလို့မရ။

"ဟုတ်တယ်ရှောင်ရှ သူပြောတာ အဓိပ္ပာယ်ရှိတယ် သူ့ကိုဘဲ ပြန်ပို့ခိုင်းလိုက်ပါ! အဲ့လိုမှသာ အကိုလည်း မင်းလုံခြုံတာသိပြီး စိတ်အေးလက်အေး အိပ်နိုင်မှာ"

ရက်စက်သောနတ်ဘုရားမOnde histórias criam vida. Descubra agora