အပိုင်း ၁၇၇

1.3K 148 1
                                    

- အဖေနှင့် သမီး ပြတ်ဆဲခြင်း

မကြာခင်မှာပင် လျိုလီရှင်းနှင့် ရှရှဟိုင်တို့ အခန်းထဲက ထွက်လာကာ သူတို့မျက်နှာတွေက ဖြူဖပ်ဖြူရော်ဖြစ်နေကာ လက်လျှော့လိုက်သလိုပင်။

တစ်ချိန်လုံး လျိုလီရှင်း သူတို့က သူမနာမည်ကို ထုတ်မပြောတာကို ပျော်ရွှင်နေခဲ့သည်ပင်။ ရှရှီပေ သူတို့ကို ညစ်ညစ်ပတ်ပတ်လုပ်ချင်ရင်တောင် သူမ ပြောတာတွေက သက်သေမရှိဘဲ ဘာမှလုပ်မရ။

သို့ပေမယ့် ထိုလူတွေက ဒီအချိန်ဒီအခါကြီးမှာမှ ထုတ်ပြောလိုက်မယ်ဆိုတာ ဘယ်သူက ထင်ထားမှာလဲ?!

ဒါတွေအကုန်လုံး ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာလဲ?!

ရဲက လျှောက်လာပြီး ရှရှီပေကို ပြောလိုက်သည်။ "စိတ်ချ သူတို့က သူတို့ကိစ္စတွေကို ဝန်ခံပြီးပြီ"

သူတို့ ဝန်မခံရင် အကျိုးရလဒ်တွေက ပိုဆိုးကုန်မှာဘဲ!

ရှရှီပေ ဘာမှ မပြောခင် ကျန်သည့်လူတွေက သူတို့ ဒေါသကို ထုတ်ဖော်ပြောကုန်ကြသည်။

"သူတို့လို ဆန်ကုန်မြေလေးမိဘတွေက စိတ်ပျက်စရာဘဲ!"

"ငါ သဘောတူတယ်! သူတို့ကို ထောင်ထဲ ထည့်ထားသင့်တယ်!"

ရှရှီပေ မေးလိုက်ရင်း သူမ အမူအရာက မှိုင်းညှို့နေသည်။ "သူတို့ တကယ်လုပ်ခဲ့တာလား?"

"ဟုတ်တယ်" ရဲက ခေါင်းငြိမ့်လိုက်သည်။ "မစိုးရိမ်ပါနဲ့ သူတို့လုပ်ခဲ့တာအတွက် သူတို့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ"

ကျန်သည့် လူအုပ်စုက ချက်ချင်း စိတ်လှုပ်ရှားသွားကြကာ ဟိုက်ဖိုက်တောင် လုပ်ချင်သွားကြသည်။

ဆန်ကုန်မြေလေးတွေ သူတို့ လုပ်ခဲ့သည့် ပြစ်ဒဏ်ကို ခံစားရတာကို မြင်ရတာ ဘယ်သူက မပျော်ရွှင်မှာလဲ?

"ကျွန်မ...."ရှရှီ‌ပေ နှုတ်ခမ်းကိုက်လိုက်ကာ တွေဝေနေပုံပေါ်သည်။ "သူတို့က ဘယ်လို ပြစ်ဒဏ်ကို ခံရမှာလဲ"

"ရှောင်ပေ! မရူးစမ်းပါနဲ့!" လူတွေက ချက်ချင်း စိုးရိမ်လာကြသည်။ "သူတို့ မင်းကို ဘာလုပ်ခဲ့လဲဆိုတာ မမေ့နဲ့!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now