အပိုင်း ၆၆

3.3K 415 5
                                    

Unicode

- ဒေါ်လာသန်းချီတန်တဲ့ ဉာဏ်ပညာနဲ့ သတ္တိ

သူမ ချောင်ရန်ကျွယ်ကို ဆေးကုပေးမယ် ပြောထားမှတော့ သူမအလုပ်နဲ့ ပတ်သတ်ပြီး တော်ရိလျော်ရိ လုပ်လို့မရဘူး။

သူမ အလုပ်ကို မြန်မြန်လုပ်တယ်။ သူ့ သွေးကြောကို စမ်းကြည့်ပြီး သူမ ဘောပင်ကို ဆွဲယူလိုက်ပြီး ဆေးညွှန်းကို ရေးလိုက်တယ်။ သူမ လက်ရေးက အသက်ဝင်ကာ သပ်သပ်ရပ်ရပ် ရိုးရိုးရှင်းရှင်း ဖြစ်တယ်။

"ဒီနှစ်‌ခုက သောက်ရမှာ ကျန်တာတွေက လိမ်းရမှာ ဒီနေ့ကစပြီး နောက်နှစ်ရက် ထမင်းစားပြီးတိုင်းသောက် ကျွန်မ နောက်သုံးရက်နေရင် ပြန်လာခဲ့မယ်"

နာရီဝက်နဲ့တင် ရှရှီပေ စုန့်ကျားရန်နဲ့ ထွက်‌သွားဖို့ အသင့်ပြင်နေပြီ။

"မင်း ညစာစားဖို့ မနေတော့ဘူးလား?" ဟော်ဇီကျွင်း သူမကို ဆက်နေဖို့ ဖျောင်းဖျနေတယ်။

"ရတယ် ကျွန်မတို့ ပြန်ရောက်မှ ညစာစားတော့မှာ" ရှရှီပေ ခေါင်းလေးရမ်းကာ ငြင်းလိုက်တယ်။

ချောင်ရန်ကျွယ် ဘေးက ကြည့်နေပေမယ့် တိတ်ဆိတ်စွာနေနေတယ်။

စုန့်ကျားရန် ပြန်သွားဖို့ တွန့်ဆုတ်နေတယ်။

နှစ်ယောက်လုံးက အရမ်း ဆွဲဆောင်မှုရှိပြီး အရမ်း လေးစားစရာကောင်းတယ်။

"နင် အလှလေး မဖြစ်ချင်ဘူးလား?"

ရှရှီပေ စကားလုံးတွေက သူမစိတ်ကို ပြောင်းလဲသွားစေတယ်။

သူမက မှန်တယ်။ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတွေ အကုန်လုံးက သူများအပိုင်ကြီးဘဲ ဒါကြောင့် သူမကိုယ်သူမအရင် ရှေ့တန်းတင်ရမယ်!

ဒါကြောင့် သူမ ဆိုင်ကနေထွက်ပြီး ရှရှီပေနောက်ကို လိုက်နာစွာ လိုက်သွား‌တော့တယ်။

သူ ကောင်မလေးနှစ်ယောက် ထွက်သွားတာကို ကြည့်ပြီး ဟော်ဇီကျွင်း မျက်ခုံးပင့်ကာ ချောင်ရန်ကျွယ်ကို ကြည့်လိုက်နယ်။

"အခုတော့ ဘယ်လိုလဲ မင်း ကောင်မငယ်လေးကို ကြိုက်နေပြီလား?"

ချောင်ရန်ကျွယ် မျက်လုံးလှန်ကြည့်လိုက်ပြီး ဆေးညွှန်းကို သူ့အား‌စစ်ဆေးရန် ပေးလိုက်တယ်။ "မင်း ဘယ်လိုထင်လဲ?"

ရက်စက်သောနတ်ဘုရားမNơi câu chuyện tồn tại. Hãy khám phá bây giờ