အပိုင်း ၈၀

2.9K 363 3
                                    

Unicode

- စုန့်ပါးပါးဆီက အကြံ

ထမင်းစားစားပွဲတွင် ဖန်ယုံရှင်း ရှရှီပေထဲကို ဟင်းတွေ စိတ်အားထက်သန်စွာ ထည့်ပေးသည်မှာ ရှရှီပေကို စိတ်ဒုက္ခရောက်စေတယ်။

စားပြီးတော့ သူတို့ ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်ပြီးသွားကြတယ်။

သူတို့ အစပိုင်းမှာ ဆိုင်တစ်ခုတည်းဘဲ ဖွင့်မယ်။ စီးပွားရေးကောင်းလာရင် သူတို့ တိုးချဲ့ကြမယ်။

ရှရှီပေနဲ့ စုန့်ကျားရန်တဲ့ စပ်တူလုပ်ကြတယ်ဆိုပေမယ့် ကိစ္စအစစအရာရာကို ဖန်ယုံရှင်းနဲ့ စုန့်ထျန်ချင်တို့က တာဝန်ယူကြတယ်။

အမြတ်ကတော့ စုန့်ကျားရန်နဲ့ ရှရှီပေဆီရောက်မယ်ဖြစ်တယ်။

ပြောရရင် ရှရှီပေနဲ့ စုန့်ကျားရန်တို့က ကျောင်းသူတွေရှိသေးတာ။ သူတို့မှာ ဒီလိုကိစ္စတွေ လုပ်ဖို့ အချိန်မရှိဘူး။

ရှရှီပေ အမြတ်တစ်ဝက်ရတာကို အပြစ်ရှိတဲ့ စိတ်မရှိဘူး။

ပြောရရင် မစ်တီးဆိုင်ဖွင့်ဖို့က သူမရဲ့ ထူးခြားတဲ့ ဖော်မြူလာအပေါ်ကို အားကိုးနေရတာ။ အနာဂတ်မှာ သူမ ပိုများတဲ့ ဖော်မြူလာကို ထုတ်လို့ရတယ်။

စုန့်ကျားရန်အတွက်ကတော့ သူမက ကလေးရှိသေးတာ ဒါကြောင့် သူမအတွက် ပိုက်ဆံပေးရင်ရပြီ။

တကယ်က စုန့်မိသားစုအတွက် ဒါက စုန့်ကျားရန်ရဲ့ မုန့်ဖိုးတွေနဲ့ ဆိုင်ကို ဖွင့်ပေးတာဖြစ်ပြီး နောက်ဆုံး အမြတ်ကို သူမဘဲ ရမှာ။

စုန့်ကျားရန်က ငယ်ပြီး မိသားစုမှာ ပိုက်ဆံရှိပေမယ့်လည်း ဘယ်သူက ပိုက်ဆံများများ မလိုချင်မှာလဲ?

သူတို့ ရှရှီပေကို အိမ်ခေါ်ရတာကလည်း သူမ ဘယ်လိုရှိတယ်ဆိုတာကို သိချင်ရုံသက်သက်ဘဲ။

အခု သူမက အန္တရာယ်မရှိဘူးဆိုတာ သူတို့ သေချာသွားပြီဆိုတော့ သူတို့ သမီးကို သူမနဲ့ ပေါင်းဖို့နေရာမှာ မရပ်တော့ဘူး။

စုန့်ကျားရန်မှာ သူမနဲ့ ရွယ်တူသူငယ်ချင်းကောင်းတွေရှိတယ်။

သူမ ကျောင်းမှာ အပေါင်းအသင်းရှိပေမယ့်လည်း ဒါကတော့ မတူဘူး။

ရက်စက်သောနတ်ဘုရားမOù les histoires vivent. Découvrez maintenant