ချောင်ရန်ကျွယ်ကို တစ်ဖန်ပြန်တွေ့ခြင်း

3.9K 486 9
                                    

Unicode

သည် ဆေးဆိုင်မှာ ဆေးပစ္စည်း ဆေးပင် အစုံရှိ‌ပြီးတော့ သူတို့က ဈေး မနည်းဘူး

ပြောရလို့ရှင်ရင် ဒီဆိုင်က အဆက်အသွယ် အများကြီးရှိတယ် တက်နိုင်ရင် နှစ်တစ်ရာ ဂျင်ဆင်းလည်း ရနိုင်တယ်

ရှရှီပေကတော့ နှစ်တစ်ရာ ဂျင်ဆင်းမလိုဘူး သူမက ပုံမှန်ဆေးပင်တွေဘဲ လိုအပ်တာ

ဆေးဆိုင်ထဲမှာ လူအများကြီးမရှိဘူး ပြီးတော့ စာရေးကလည်း တော်တော်လေး နားနားနေနေ ဖြစ်နေတယ်

ရှရှီပေ အရှေ့ကို လှမ်းလိုက်ပြီး စာရွက်ကို လှမ်းပေးလိုက်တယ်

"ကျွန်မ ဒီဆေးတွေ လိုချင်တယ် တစ်ခုစီ ခွဲထည့်ပေးပါ"

သည်ဆေးတွေက ပြုတ်ဖို့လိုတယ် ပြုတ်တဲ့ အချိန်ကလည်း မတူဘူးဆိုတော့ ခွဲထည့်ဖို့ လိုလိမ့်မယ်

"အိုကေ"

ဆိုင်စာရေးက ခေါင်းငြိမ့်လိုက်ပြီး ဆေးပစ္စည်းတွေကို ထည့်ပေးနေတယ်

ရှရှီပေ တဖြည်းဖြည်း ပျင်းလာပြီး လျှောက်ပတ်ကြည့်နေတယ်

မကြာခင်မှာပင် သူမ အကြည့်က အရပ်ရှည်ရှည် လူကြီးထံ ရောက်သွားတယ်

ထိုလူက သူမကိုတွေ့တော့ သိသိသာသာ အံ့အားသင့်သွားတယ် ပြီးနောက် သူမကို အချိန်တော်တော်ကြာကြာ ကြည့်နေလိုက်တယ်

သူ့ရဲ့ မျက်လုံးတွေထဲမှာ ရန်လိုစိတ်မရှိတာကြောင့် ရှရှီပေ ရန်အစခံရတယ်လို့ မယူဆ ဒါပေမယ့် သူမ သူ့ကို မသိတာကြောင့် သူမကို အကြံအိုက်စေတယ်

ခနနေတော့ ထိုယောက်ျားက သူမကို မှတ်မိဟန်ရှိကာ သူမဆီမလာဘဲနဲ့ အတွင်းဘက်ထဲ မြန်မြန် ဝင်သွားတယ်

'ဘာဖြစ်သွားတာလဲ'

ရှရှီပေ စိတ်ရှုပ်သွားတယ် ဒါပေမယ့် သူမ ထိုလူနောက် လိုက်ပြီး မေးမနေတော့ဘူး

စာရေးက ဆက်ပြီး ဆေးတွေ ထည့်ပေးနေပြီး သူမ ကတော့ ဆေးပင်တွေ အပေါ်သာ အာရုံစိုက်ထားလိုက်တယ်

သူမ ဆေးပင်နည်းနည်းကို ယူလိုက်ပြီး ရှူကြည့်လိုက်တယ် ‌ပြီးနောက် သူမ ခေါင်းငြိမ့်လိုက်တယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now