နင်တို့နှစ်ယောက် ပြတ်သွားတာလား?

4.1K 500 0
                                    

Unicode

ရှရှီပေ ကိုယ့်ကိုကိုယ်သာကြည့်ပြီး မျက်နှာပြောင်တိုက်တတ်တဲ့ ယန်ရွှမ်ကို ကြည့်ပြီး ဒေါသ မထွက်တော့ဘူး

ဘာဘဲ ဖြစ်ဖြစ် သူမက သူ့‌အကြောင်းကို သိသင့်သလောက် သိပြီးပြီ သူမ ပြင်ဆင်ပြီးမှ ထွက်လာခဲ့တာ

ဒါပေမယ့် သူမအမူအရာက ယန်ရွှမ့်ရဲ့အမြင်မှာတော့ အပြစ်ရှိသယောင် ဖြစ်နေတယ် အဲ့တာကလည်း သူ့ရဲ့ သတ္တိကို မီးစာကျွေးလိုက်သလိုဘဲ

"အံ့ဩစရာ ကောင်းလိုက်တာ မင်း ငါ့ကို ဖောက်ပြန်ခဲ့တာဘဲ! ပြောစမ်း! အဲ့ယောက်ျားက ဘယ်သူလဲ?! မင်းဒီနေ့ ဘာလို့ ပြောင်းလဲနေတာလဲ ဆိုတာ ထူးစမ်းနေတာ မင်း နောက်တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေတာဘဲ!"

သူ ရှရှီပေကို တွက်ကပ်တဲ့ မျက်လုံးတွေနဲ့ အထက်အောက် အပြန်ပြန် အလှန်လှန်ကြည့်ပြီး သူ့ရဲ့ ဒေါသကလည်း ကြီးထွားလာတယ်

ဘယ်ယောက်ျားကလေးကမှ သူတို့အပေါ်  ဖောက်ပြန်တာကို ကြိုက်တာမဟုတ်ဘူး ယန်ရွှမ် လို ကလိမ်ကကျစ်ဉာဏ်တွေနဲ့ ပြည့်နေတဲ့လူ ကို အသာထား

" မင်းအဲ့လောက် -ာ ဆန်တယ် ဆိုတာ သိရင် မင်းနဲ့အိပ်ပြီးလောက်‌ပြီ ငါ့ရှေ့မှာ အိန္ဒြေရှိသလိုလို အပြစ်ကင်းသလို ဟန်ဆောင်နေရတာလဲ••• အားး••••"

သူ့ရဲ့ အပေါစားဆန်ဆန် ညစ်ပတ်တဲ့ စကားလုံးတွေ ပြောလို့မပြီးသေးခင်မှာဘဲ ရှရှီပေရဲ့ ခြေထောက် ဆီက ကန်ချက်မိသွားတယ်

သူ ဗိုက်ကို ဆုတ်ကိုင်လိုက်ပြီး နောက် အနည်းငယ် ဆုတ်သွားတယ် သူ့ရဲ့ ဗိုက်မှာ ပြင်းထန်သော နာကျင်မှုက်ု ခံစားနေရတယ် အသက်ကိုလည်း ပင့်သက်ရှိုက်နေရတယ်

သူမ သူ့ကို ကန်တာနဲ့ မပြီးသေးဘဲနဲ့ ရှရှီပေ နောက်တစ်ခါ သူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ်ကန်လိုက်တယ် သူ့ကို သူမရဲ့ ပုခုံးပေါ်တင်ပြီး ကိုင်ပေါက်လိုက်တယ်!

ဘန်းခနဲ အသံ ထွက်ပေါ်လာပြီး အညစ်အကြေးနဲ့ ဖုန်တွေက မြေပြင်ပေါ် ဖုန်ထလာတယ်

"အား!"

ယန်ရွှမ် ဒီတစ်ခေါက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ အော်လိုက်တယ် သူ့ရဲ့ ကျိုးလုနီးပါးဖြစ်‌ေနတဲ့ အရိုးတွေ မြေပြင်ကို မထိခင်အထိ ကောင်းကင်နဲ့ မြေကြီးက သူ့မျက်စိ‌ေရှ့မှာ လည်နေတယ်လို့ ခံစားနေရတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now