ကျွန်မအလုပ်ထွက်တော့မယ်

4.6K 520 3
                                    

Unicode

"မင်းက အလုပ်ထွက်မယ်?"

သူမရဲ့ ဘော့စ်က ခနလောက် ကြောင်သွားပြီး ဒေါသထွက်လာတယ် "မင်း  ငါ့ကို ဘာ စောက်လုပ်လာရှုပ်တာလဲ? ငါ မင်းကို delivery  အကြောင်းတောင် မမေးရသေးဘူး မင်းကငါ့ဆိုင်ကနေ ဘာလို့ ထွက်ချင်ရတာလဲ?"

သူမရဲ့ ဘော့စ်နာမည်က တန်ကျီချန်း သူက အရပ် ရှည်ပြီး ထောင်ထောင် မောင်းမောင်း ကိုယ်လုံးကိုယ်ပေါက်ရှိတယ် သူ့မှာ ရိုးသားတဲ့ ရုပ်ရှိတယ် ဒါပေမယ့် သူ့ရဲ့ အရောင်လက်နေတဲ့ မျက်လုံးတွေက သူ့ရဲ့ ကိုယ်ကျင့် သိက္ခာကို ဖော်ပြနေတယ်

ပထမကတော့ ရှရှီပေ အိမ်ရာမဲ့ လူကြီးဆီက ထွက်ပြေးလာခဲ့ပြီး ရဲခေါ်ခဲ့တယ်

ဒါပေမယ့် ရဲတွေ ရောက်လာပြီးတဲ့ နောက်မှာ တန်ကျီချန်းက ရဲတွေကို သူမ လိမ်နေတာ ဖြစ်ရမယ် သူမက ပျင်းရိပြီး ကောင်လေးတွေနဲ့ ပလူးရတာကြိုက်တဲ့ အလကားကောင်မ လို့ လိမ်ခဲ့တယ်

အဲ့ဒီလို သက်သေခံချက်မျိုးက ရှရှီပေ အပေါ် ထားတဲ့ ရဲတွေရဲ့ အမြင်ကို ပျက်စီးစေတယ် သူတို့ကို သူမက ဒီအမှုကို ဖြစ်စေတယ်လို့ ထင်စေပြီး ရဲတွေက ဒီကိစ္စကို စိတ်ထဲမထားကြတော့ဘူး

အဲ့ဒီ အချိန်တုန်းက ရှရှီပေ ထိတ်လန့်သွားတယ် သူမနဲ့ တန်ကျီချန်း ဘယ်တုန်းက ရန်ညှိုးရန်စများရှိဖူးလို့လဲ?

အဲ့ဒါပြီးတော့ သူမ အလုပ်ထွက်ချင်ခဲ့တယ် ဒါပေမယ့် သူက သူမရဲ့ လစာကို ဖြတ်ပြီး သူမကို ရိုက်ချင်နေတာ!

အားနွဲ့တဲ့ ကောင်မလေးတစ်ယောက်က ဘယ်လိုလုပ် ပြန် တိုက်ခိုက်နိုင်မှာလဲ? အဲ့တာနဲ့ သူမ ဒေါသထွက်ထွက်နဲ့သာ လှည့်ပြန်ခဲ့ရတယ်

နောက်ပိုင်း သူမ အနုပညာလောကမှာ နာမည် တစ်ခုရအောင် ကြိုးကြိုးစားစား လုပ်ခဲ့ ပြီးနောက် သူ ရောက်လာပြီး သူမက သူ့ဆိုင်မှာ အလုပ်လုပ်တုန်းက လှုပ်လှုပ်ရွရွ ဖြစ်နေတာဆိုပြီး သူမကို အပြစ်တင် အတင်းပြောတယ်

သူ့မှာ ရိုးသားတဲ့ မျက်နှာ လေးနဲ့ ဆိုတော့ သူ့စကားကို ယုံတဲ့ သူများကြတယ် ဘယ် သူက သူမကို သူ နာမည် ဖျက်နေတယ်လို့ သိမှာတုန်း?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now