Unicode
ထိုယောက်ျားက ချောင်ရန်ကျွယ်ရဲ့ အေးစက်သော အကြည့်ကြောင့် ကြောင်အသွားပြီး အမြန်ဘဲ အနောက်သို့ ဆုတ်လိုက်တယ်
သူ့လုပ်ဖော်ကိုင်ဖက်က သူ့ကို ကြည့်ပြီး တိတ်တဆိတ် ဆဲလိုက်တယ် "အရူး!"
ထိုယောက်ျားမှာ ကြေကွဲသွားတယ် သူက ချောင်ရန်ကျွယ်ရဲ့ ဝန်ထုပ်ကို ဖြေလျှော့ပေးဖို့ ကြိုးစားနေတာမဟုတ်ဘူးလား?
သူ့လုပ်ဖော်ကိုင်ဖက်မှာ စကားလုံးများ ပျောက်ရှသွားတယ် လူတစ်ယောက်က ဘာလို့ အဲ့လောက် တုံးအရတာလဲ? သူ တကယ် ဘာေတွ ဖြစ်နေတယ်ဆိုတာ မမြင်ဘူးလား?
ရှရှီပေကို လက်မောင်းထဲမှာ ထည့်ထားတဲ့ ချောင်ရန်ကျွယ်က မူလ ရက်စက်တဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားနေတယ်
ဒါ့အပြင်ကို သူနဲ့ မိန်းကလေးတစ်ယောက် ဒီလောက် နီးကပ်နေတာ ဒါ ပထမဆုံးဘဲ
ချောင်ရန်ကျွယ်က ကြည့်ကောင်းပြီး မိန်းကလေးအများစုရဲ့ အိုင်ဒေါ ဆိုပေမယ့် သူ့နားကို ကပ်ရဲတဲ့ မိန်းကလေး များများစားစား မရှိဘူး
မိန်းကလေးတွေ ဖြစ်နေလို့လည်း သူက ကောင်းနေမှာ မဟုတ်ဘူး
အဲ့တာရဲ့ ပြောင်းပြန် သူ့ရဲ့ အေးစက်တဲ့ စိတ်နေစိတ်ထားနဲ့ ကြမ်းတမ်းမှုက မိန်းကလေးတော်တော်များများကို ငိုကြွေးစေတယ်
အဆိုးဆုံးကတော့ သူက သန့်ရှင်းတာကို ကြိုက်တဲ့သူ!
သူက မိန်းကလေးတွေကို ရေမွှေးဆွတ်လို့ မျက်မုန်းကျိုးတယ်!
ဒါကြောင့်ဘဲ ၂၄ နှစ်အထိ တစ်ယောက်တည်း ဖြစ်နေတာ
ဟော်ကျီကျွင်းတောင် ချောင်ရန်ကျွယ်ကို ကြည့်ပြီး "မင်း ချစ်မိသွားပြီလား?"
သူတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာတာ နှစ်အတော်ကြာပြီ သေချာနေပါပြီ ချောင်ရန်ကျွယ်ရဲ့ စိတ်နေသဘောထားက သူ့လက်အောက်ငယ်သားတွေထက် ကောင်းတယ်ဆိုတာ သူသိတယ်
သူက တစ်ယောက်တည်း နေဖို့ ကံပါလာတာ!
ဒါပေမယ့် အခုတော့ သူက မိန်းမငယ်လေးကို ကိုင်ထားပြီး လွှတ်ပေးဖို့ ငြင်းနေတယ်လေ အံဩစရာကောင်းတာဘဲ
![](https://img.wattpad.com/cover/279045406-288-k469940.jpg)
KAMU SEDANG MEMBACA
ရက်စက်သောနတ်ဘုရားမ
AksiThis story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Qingkong Xilan English Translator: Dragon Boat အရင်ဘဝ, သူမရဲ့ အဆင့် အတန်း, ရုပ်ရည်, ဂုဏ်သိက္ခာ အကုန...