အပိုင်း ၁၄၁

2.7K 300 4
                                    

Unicode

- ခင်စရာ‌ေကာင်းသော ဝတုတ်လေး

ရှရှီပေလည်း ဝတုတ်လေးကို ဒီလောက်ထိ ရိုးအမယ်ထင်မထား။

"အဲ့တာက အထူးစကေး ဘယ်သူကမှ လေ့လာလို့မရဘူး" သူမ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"တကယ်လား?" ဝတုတ်ကောင်လေး စိတ်ပျက်သွားသည်။ "နှမြောစရာဘဲ""

ထန်လော်နှင့် ရန်ကျွင်းချန်တို့ အရူးအတွက် စိတ်ပူပြီး အကြည့်ချင်းဖလှယ်လိုက်သည်။

ဒီကောင်ကတော့....မယုံနိုင်စရာကောင်းလောက်အောင် တုံးတာဘဲ!

"အို့ နေဦး ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ဖို့မေ့သွားတယ် ကျွန်တော့်နာမည်က ယွီဇီချီပါ မင်းတို့ကကော?"

"ငါက ရှရှီပေ သူက ထန်လော် ဒါက ရန်ကျွင်းချန်"

"တွေ့ရတာဝမ်းသာပါတယ် မင်းတို့ ကျွန်တော့်ကို ချီလို့ခေါ်လို့ရတယ်!" ယွီဇီချီ တောက်ပသော အပြုံးဖြင့် ပြုံးပြလိုက်သည်။

သူက ၅'၁"ခွဲရှည်ပြီး ပါးဖောင်းဖောင်းလေးတွေရှိသည်။ အဲ့တာက သူ့ကို ရုပ်မဆိုးစေဘဲ သူ့ကို ချစ်စရာကောင်းစေသည်။

သူ၏ တုံးအအ လိမ်ရလွယ်သည့် စိတ်ထားနှင့်ဆို သူက လုံးဝ ရိုးအပြီး အန္တရာယ်မရှိပုံပေါ်နေသည်။

"မင်းတို့လည်း ဒီနားနေတာလား?" ယွီဇီချီ မေးလိုက်သည်။

"ငါ့အိမ်က ဒီနားမှာဘဲ" ရန်ကျွင်းချန် ပြောလိုက်သည်။

"မဟုတ်ဘူး! ငါ ဒီနေ့ အလည်ဘဲလာတာ" ရှရှီပေ ရှင်းပြလိုက်သည်။ "ဒါပေမယ့် ထန်လော်နဲ့ ငါက ချင်းရယ် အထက်တန်းကျောင်းမှာ တက်နေကြတာ"

"မင်းတို့က ချင်းရယ် အထက်တန်းကျောင်းကလား?" ယွီဇီချီ အံ့ဩသွားသည်။ "ကျွန်တော်က ချင်းရယ်အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတာ!"

"မင်းက ပထမနှစ်?" ထန်လော် မျက်လုံးထဲ ထိုးဖောက်သော အကြည့်တို့ ရှိနေသည်။

"ဟုတ်တယ်!" ယွီဇီချီ စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။ "ဆိုတော့ ငါ မင်းတို့နဲ့ ထွက်လည်လို့ရပြီပေါ့!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now