အပိုင်း ၁၁၂

2.5K 276 3
                                    

Unicode

- သူမက ဆုနိုင်တာ

ရှရှီပေအကြောင်းပြောတော့ ရှချင်းဟန်မျက်လုံးထဲ ချေငံသော အကြည့်တစ်ခုပေါ်လာသည်။

"သူမက စာချုပ်မချုပ်ရသေးဘူး" သူမ၏ ချေငံမှုကို မြန်မြန်ပင် ဖုံးအုပ်လိုက်သည်။ "ငါ နင်တို့ကို ပြောဖူးသားဘဲ မိဘတွေ လက်ခံမှဘဲ စာချုပ်ချုပ်လို့ရမယ်ဆိုတာ သူမဆီက ပြန်စာ ခုထိမရသေးဘူး"

လျိုကျီကျင်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ "မိဘလက်ခံမှ? ဒါဆို သူမ အဲ့အကြောင်းကို မေ့လိုက်တော့!"

ရှရှီပေ မိဘတွေ လက်မှတ်ထိုးပေးဖိူ့ နေနေသာသာ လက်ခံဖို့ဆိုတဲ့ အကြောင်းပြချက်မရှိဘူး။

"ကွာခြားချက်ကြီးကြီးမားမားတော့ မရှိပါဘူး သူမ ၁၈ပြည့်တာနဲ့ သူမ ဆုံးဖြတ်ချက်ကို သူမချလို့ရပြီ" ရှချင်းဟန်ပြောလိုက်သည်။

"ဟားဟား" ထောင်ယွယ်ယင်း သရော်လိုက်သည်။ "သူမ ၁၈ပြည့်မှဆိုရင် ‌နင့်နောက်ကနေဘဲ ကျန်ခဲ့တော့မှာ သူမ မြင်းစီးလိုက်ရင်တောင် နင့်ကိုမမှီနိုင်ဘူး!"

"အဲ့လိူမပြောပါနဲ့ သူမက စွမ်းဆောင်ရည်ရှိတယ်လို့တော့ ငါ ထင်တယ်" ရှချင်းဟန် ပြောလိုက်သည်။

"သူမကို အထင်ကြီးလွန်းနေပါပြီ!" ထောင်ယွယ်ယင်း အရမ်း အထင်သေးသွားသည်။ "နင်က ငယ်ငယ်ကတည်းက စကေးမျိုးစုံနဲ့ အရည်အချင်းမျိုးစုံကို သင်လာတာ သူမက နင်နဲ့ ဘယ်လို ယှဉ်နိုင်မလဲ? ပြီးတော့ နင်က သူမထက် နှစ်ဝက်လောက်စောပြိး ကုမ္ပဏီကို ဝင်မှာဆိုတော့ သူမက နင့်နောက်ကိုမှ အဝေးကြီးကနေ ကျန်ခဲ့တော့မှာ!"

ရှချင်းဟန် ထိုစကားတို့မှာ နားဝင်ချိုသည် ခံစားလိုက်ရသည်။

သို့ပေမယ့် သူမ နှိမ့်ချစွာ ပြောဆဲပင်။ "ပြောဖို့ ခက်ပါတယ်"

"ဘာခက်တာလဲ?" လျိုကျီကျင်း နှာမှုတ်လိုက်သည်။ "မစိုးရိမ်နဲ့ သူမက နင့်ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်!"

သူမ လျိုကျီကျင်းအကြည့်ထဲ ရက်စက်သော အကြည့်ကို မြင်လိုက်‌ေတာ့ ရှချင်းဟန် ခေါင်းငုံ့ကာ သူမ၏ ရွှင်မြူးမှုကို ဖုံးလိုက်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now