အပိုင်း ၅၁

3.4K 420 2
                                    

Unicode

- ဝမ်းကွဲမောင်နှမ

စုန့်ကျားရန် ရှရှီပေကို တွက်ချက်တဲ့အကြည့်တွေနဲ့ ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပေမယ့် ဒေါသ တစ်စုံတစ်ရာ ရှာမတွေ့ဘူး။

"နင် တကယ် စိတ်မဆိုးဘူးပေါ့?"

တစ်ယောက်ယောက်က သူမကို အဲ့လိုစကားတွေ ပြောလာရင်တော့ သူမ သူတို့ကို ခုလောက်ဆို သေတဲ့အထိ ရိုက်ပြီးနေလောက်ပြီ!

"ငါတကယ် စိတ်မတိုပါဘူး" ရှရှီပေ မျက်လုံးတွေက ပြုံးရိပ်သန်းနေတယ်။ "သူတို့သဘောထားတွေက.....အပိုတွေပါ"

အရင်ဘဝက အင်တာနက်သုံးသူတွေရဲ့ အနိုင်ကျင့်ခံရတာရယ် ဆဲဆိုကြိမ်းမောင်းခံရတာတွေရယ်နဲ့ သပိတ်ဝိုင်းမှောက်ကြတာတွေကို ခံစားခဲ့ရတာကြောင့် ဒီလိုစကားတွေက ပမွှားလေးတွေပါ။

စုန့်ကျားရန် သူမကို မျက်မှောင်ကုပ်ပြီး ကြည့်လိုက်ပြီး သူမရဲ့ လျစ်လျူရှု‌မှုကြောင့် ထိတ်လန့်သွားတယ်။ "နင် ဒီလိုသာ ဆက်သွားနေလို့ကတော့ သေတဲ့အထိ အနိုင်ကျင့်ခံရတော့မှာဘဲ!"

"ဟုတ်တယ်! နင် ငါနဲ့သာ ဒီနေ့ တူတူ ရှိမနေခဲ့ရင် ငါ အနိုင်ကျင့်ခံနေရလောက်ပြီ" ရှရှီပေ သူမကို အပြုံးလေးနဲ့ ကြည့်လိုက်ပြီး သူမမျက်လုံးတွေက တလက်လက် တောက်ပနေတယ်။

ရှရှီပေရဲ့ အကြည့်တွေကြောင့် စုန့်ကျားရန်မျက်နှာလေး ရဲရဲတွတ်‌သွားတော့တယ်။

သူမ ရှက်ပြီး မျက်နှာလွှဲကာ ချောင်းကို အသာလေးဆိုးလိုက်တယ်။ "နင်က လူမိုက်တွေရဲ့ အနိုင်ကျင့်ခံဖို့လွယ်နေလို့ဘဲ !"

"အဲ့တာတွေကြောင့် ငါနင့်ကို ကျေးဇူးတင်ရမှာ!" ရှရှီပေ အပြုံးချိုချိုဖြင့် ရိုးသားစွာပြောလိုက်တယ်။

စုန့်ကျားရန်က ကျောင်းမှာ နာမည်ကောင်းမရှိပေမယ့်လည်း သူမက ချစ်စရာကောင်းတဲ့ ကောင်မလေးလေးတစ်ယောက်ဘဲ။ သူမလို ကောင်းမွန်တဲ့ကောင်မလေးက ယန်ရွှမ့်ရဲ့လှည့်ကွက်တွေအောက်မှာ မြောမနေသင့်‌ေတာ့ဘူး!

"တကယ်တော့ လျိုကျီကျင်းက ငါ့ကို မကြိုက်ဖို့ အကြောင်းပြချက်ရှိတယ်" ရှရှီပေ ရုတ်တရက်ပြောလိုက်တယ်။

ရက်စက်သောနတ်ဘုရားမOnde histórias criam vida. Descubra agora