အပိုင်း ၁၄၇

2.9K 287 14
                                    

- ကူညီနိုင်တယ်

ပေါ်လာသော နံပါတ်ကို ကြည့်ပြီး ရှရှီပေ အံ့ဩသွားသည်။

"ချောင်ရန်ကျွယ်?"

"မင်း အခုဘယ်မှာလဲ?"

သူမ ဖုန်းဖြေလိုက်သည်နှင့် ချောင်ရန်ကျွယ်အသံက လျစ်လျူရှုရခက်သော အားပါပါအသံဖြင့် မေးလိုက်သည်။

ရှရှီပေ မျက်လုံးမှေးကာ တုံးတိကြီး ပြန်ပြောလိုက်သည်။ "ရှင်နဲ့ဘာဆိုင်လို့လဲ?"

သူမ ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။

"ဘာဖြစ်လို့လဲ?" အကုန်လုံးက ရှရှီပေ၏ အမူအရာကြောင့် အံ့ဩသွားကြသည်။

"ဘာမှမဟုတ်ဘူး နှောင့်ယှက်နေတာ" ရှရှီပေ တည်ငြိမ်ပုံပေါ်နေသည်။ "ငါတို့ ဘယ်ရောက်သွားပြီလဲ? အို့ ဟုတ်တယ်..."

အခြားတစ်ဖက်တွင် ချောင်ရန်ကျွယ် ဖုန်းကို စွံ့အစွာ ကြည့်လိုက်သည်။ သူ အကြာကြီး မဖြေဆည်နိုင်။

သူမ-သူမ သူ့ကို ချပစ်တာလား?!

သူ့နှလုံးသားထဲ ဒေါသဖြစ်တည်လာသည်။ ဒါက ပထမဦးဆုံး တစ်ယောက်ယောက်က သူ့ကို ဖုန်းချဖူးတာဘဲ!

စိတ်အနှောင့်အယှက်ဖြစ်နေတုန်း ဖုန်းမြည်လာသည်။

သူ အပျော်လွန်သွားပေမယ့် ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ သူ့မျက်နှာအမူအရာက တစ်ခါ မှုန်သုန်သွားပြန်သည်။

"ဘာလဲ?" သူ့လေသံက ရန်လိုနေသည်။

"ဘယ်လို__သာ့ချောင် မင်း ဒိုင်းနမိုက်ကိုများ စားမိထားတာလား?" ဟာသလုပ်သံက အခြားတစ်ဖက်ကနေ ထွက်လာသည်။ "ဘာလဲ? မင်း အလှလေးတွေဆီက ငြင်းခံရလို့လား?"

"ပါးစပ်ပိတ်ထားစမ်း!" ချောင်ရန်ကျွယ် ဒေါသထွက်စွာ ဆဲလိုက်သည်။ "မင်း ဘာတွေပြောနေတာလဲ?!"

"ကျွတ် ကျွတ် ကျွတ်...အရမ်း ဒေါသထွက်နေတာဘဲ! တော်တော်ဆိုးဆိုးရွားရွားငြင်းခံထားရတယ်နေမှာ အံ့ဩစရာကောင်းလိုက်တာ! ဟားဟားဟား!"

ချောင်ရန်ကျွယ်၏ မျက်နှာက ရယ်သံကို ကြားတော့ မည်းမှောင်သွားသည်။

"ကျန်းယွီရန် မင်း ဘာဖြစ်ချင်တာလဲ?"

ကျန်းယွီရန် သူ့ဒေါသကြောင့် ဘာမှဖြစ်မသွား အရမ်းပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။ "လောင်ဟော်‌ေပြာတာ မှန်တယ် မင်း တကယ်ဘဲ ငြင်းခံရတာဘဲ!"

ရက်စက်သောနတ်ဘုရားမHikayelerin yaşadığı yer. Şimdi keşfedin