အပိုင်း ၁၀၉

2.7K 304 4
                                    

Unicode

- ရှချင်းဟန်ကို အကူအညီတောင်း

ရှရှီပေရဲ့ စကားက ထောင်ယွယ်ယင်းကို ဦးနှောက်ခြောက်စေသည်။

ရှချင်းဟန်ကိုရှာ?

"နင်နဲ့ ရှချင်းဟန်က သူငယ်ချင်းကောင်းတွေမလား? နင့်ပြဿနာရဲ့ အဖြေကို သူမကို မေးလို့ရတာဘဲ! ပြီးတော့ မမေ့နဲ့ဦး...." ရှရှီပေ ထောင်ယွယ်ယင်းအနားကို ကပ်ကာ နားထဲ တိုးတိုး ရေရွတ်လိုက်သည်။ "သူမကြောင့်ဘဲ နင် ငါ့ကို အမှားရှာနေတာမလား?"

သူမ ပြောပြီးသည်နှင့် ရှရှီပေ စကားပြန်မရခင် သူမအနားက ခွာလိုက်သည်။

"ဟုတ်တယ် အတန်းစတော့မယ် သွားကြစို့"

သူမ ရှရှီပေ စုန့်ကျားရန်ကို သူမနှင့်အတူဆွဲခေါ်သွားသည်ကို ကြည့်ရင်း ထောင်ယွယ်ယင်း မျက်နှာပေါ်‌တွင် မတွေးတတ်တော့သည့် အကြည့်မျိုးရှိနေသည်။

သူမ ဘယ်လိုသိလဲ?

အခု သူမ စဉ်းစားကြည့်တော့ ရှချင်းဟန်ကို ဒီကိစ္စတွေထဲက ထုတ်ပယ်ထားလို့မရဘူးဘဲ။

ရှချင်းဟန်အတွက် လက်စားချေဖို့သာမဟုတ်ရင် သူတို့ ရှရှီပေကို ထိုကဲ့သို့ ချောက်ချဖို့ စဉ်းစားမိမှာမဟုတ်။

သူမသာ ရှရှီပေကို ရန်မစခဲ့ရင် ထောင်ဖန်ချင်းက သူမအဖေဆိုတာသိရင် သူမထိုကဲ့သို့အကြံဉာဏ်တွေ ရှိမှာမဟုတ်။

အဲ့လိုသာဆိုရင် ကိစ္စတွေက ထိုကဲ့သို့ဖြစ်လာမည်မဟုတ်။

သူမ စောစောက ဖြစ်ခဲ့သည်ကို တွေးပြီး ထောင်ယွယ်ယင်း မကျေမနပ်ဖြစ်လာသည်။

သူတို့ သုံးယောက် တောင်းပန်ရမည်ကို ရှချင်းဟန်က ပျက်ကွက်လို့ သူတို့နှစ်ယောက်ထဲဘဲ အရှက်တကွဲဖြစ်ရသည်။

အခုတော့ သူမအဖေက ဒါကြောင့် ပြဿနာတက်ရသည်။

ကြည့်ရတာ တစ်ခုခုလွဲနေသလိုပင်။

သူမရှချင်းဟန်ကို တွေ့တော့ ထောင်ယွယ်ယင်းစိတ်ထဲက အတွေး‌ေ‌တွက ပိုပြီး ရှင်းလင်းလာသည်။

"ချင်းဟန် နေကောင်းသွားပြီလား?"

"ကောင်းသွားပြီ" ရှချင်းဟန် အားနည်းသော အပြုံးဖြင့် သူမနှုတ်ခမ်းက ဖျော့တော့နေကာ သူမ မျက်လုံးများက တောင်းပန်သည့် အရိပ်အယောင်များပေါ်နေသည်။ "ငါ မနေ့က ဖျားသွားမယ် မထင်ထားဘူး ဒါကြောင့်.....ဘယ်လိုဖြစ်သွားလဲ?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now