အပိုင်း ၁၀၇

2.7K 315 5
                                    

Unicode

- စိတ်စွမ်းအင်နှင့် လိမ်လည်ခြင်း

ထောင်ထဲ သွားရမယ်?

ကျိုးကျန်းလန်နဲ့ ထောင်ယွယ်ယင်းတို့ နှစ်ယောက်လုံး တွေးမိသည်နှင့် ပင့်သက်ရှိုက်ကုန်ကြသည်။

အဲ့ကိစ္စက အဲ့လောက် အရေးကြီးတယ်ပေါ့?

"သေသေချာချာပြော! တကယ်ဘဲ ဘာတွေ ဖြစ်ခဲ့တာလဲ?" ကျိုးကျန်းလန် အခြေအနေက ဘာဆိုတာကို အပတ်တကုပ်သိအောင် ကြိုးစားနေတယ်။

"ငါတို့ ရှော့ပင်းမောမှာ ဆုမဲနှိုက်ကြတယ် မဟုတ်လား?" ‌မန်နေဂျာထောင် သူ့ရင်ထဲက ဒေါသမီးတောက်တွေကို ဖိနှိပ်ထားဖို့ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ ပြီးနောက်မှ သူရှင်းပြလိုက်သည်။ "အထူးဆုကို နှစ်ခါပေါက်တဲ့ ကောင်မလေးရှိတယ်...."

"အထူးဆုကို နှစ်ခါပေါက်တာ?!" ကျိုးကျန်းလန် ရှော့ရသွားတယ်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ရှင် အမှားလုပ်မိလို့လား?!"

"ငါ မလုပ်ဘူး!" မန်နေဂျာထောင်က အကျည်းတန်တဲ့ အကြည့်ကြီး မျက်နှာပေါ် တင်ထားတယ်။ "အဲ့တာက ဂျီအမ်လီကို သတိထားမိသွားစေတယ် အဲ့တာနဲ့ သူ အဲ့ကိစ္စကို သေသေချာချာ စစ်ဆေးတော့တာဘံ ပြီးတော့...."

ရုံးခန်းထဲမှာ ပြောခဲ့တဲ့ စကားတွေကို ပြန်ပြီး တွေးမိတော့ မန်နေဂျာထောင်ရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်ကုန်တယ်။

"ဒါပေမယ့် အဲ့တာက ရှောင်ယင်းနဲ့ ဘာဆိုင်လို့လဲ?" ကျိုးကျန်းလန် ကိစ္စနှစ်ခုကို မဆက်မိသေးဘူး။

"ဘာလို့လဲဆိုတော့ အဲ့ကောင်မလေးက ချင်းရယ်အထက်‌တန်းကျောင်းကမလို့ဘဲ! သူတို့နှစ်ယောက် ပဋိပက္ခဖြစ်ထားသေးတယ်လေ!"

ထောင်ယွယ်ယင်း နှလုံးခုန်သံ တစ်ချက်လွတ်သွားပြီး မေးလိုက်တယ်။ "အဖေ အဖေပြောတဲ့သူက....."

"သူမရဲ့ မျိုးရိုး နာမည်က ရှ သူမနားက ဝတုတ်ကောင်မလေးကတော့ သူမကို ပေပေလို့ခေါ်တယ်"

"ရှရှီပေ?!"

ထောင်ယွယ်ယင်းရဲ့ အမူအရာက မန်နေဂျာထောင်ရဲ့ မျက်နှာကို ပိုပြီး အကျည်းတန်စေတယ်။ ဒါဆို သူ့သမီးက ဒီကိစ္စတစ်ခုလုံးမှာ ပါဝင်ပတ်သက်နေတာပေါ့!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now