အပိုင်း ၁၈၈

508 47 2
                                    

- အချစ်အတွက် ခွေးနှစ်ကောင်ကိုက်ခြင်း

စက္ကန့်အနည်းငယ်အတွင်းမှာပင် ကိစ္စတွေက မှော်ဆန်စွာ ပြောင်းလဲသွားသည်။

ရှရှီပေဆီကနေ အဆူခံရ၍ ခွေးနှစ်ကောင် သိသိသာသာကို ညှိုးကျသွားသည်။

သို့ပေမယ့် သူတို့၏ အမူအရာတွေက ကွဲပြားသည်။

ကင်းချူ မြေပြင်ပေါ်တွင် နာကျည်းချက်ဖြင့် ခြေကားယားထိုင်ကာ သနားစရာကောင်းစွာ တရှုံ့ရှုံ့ငိုနေပြီး ငိုသံများကို အချိန်နှင့်အမျှ ထုတ်နေသည်။

ဖြတ်သွားဖြတ်လာတွေလည်း သူတို့နား ဝိုင်းနေကြသည်။

ခွေးနှစ်ကောင်ရှိပြီး ဤနေရာက လူတွေကလည်း အကုန်ကြည့်ကောင်းကြတာကြောင့် မျက်စိပဒေသာဖြစ်နေသည်။

သေချာကြည့်လိုက်ကြပေမယ့် သူတို့အားလုံး အကုန် အံ့ဩသွားကြသည်။

ဟက်စကီလေးက တကယ် ငိုနေတာ!

ဘယ်လိုဖြစ်ဖြစ် ဟက်စကီတွေ တုံးတုံးအအလုပ်ရပ်တွေ လုပ်တာက သာမန်လိုပင်။ သူတို့တွေ မျိုးသန့်လို့ ချီးကျူးတောင် ခံရမှာပင်။

လျိုမန်ဟုန် ဟက်စကီက ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံရသလို ငိုယိုနေတာကို ကြည့်ပြီး နှုတ်ခမ်းတို့က တွန့်ကွေးသွားသည်။

သူမ ကင်းချူကို နေ့တိုင်း လမ်းလျှောက်‌‌ေခါ်ပေမယ့် သူက အပြုအမူကောင်းပြီး သီးသန့်တောင် နေသေးသည်။

သူမ သူမ၏ ဟက်စကီက အခြားဟက်စကီများနှင့် မတူဟု အမြဲတမ်းထင်ခဲ့သည်။

အခြားဟက်စကီများ တုံးအသော အရာများ လုပ်နေချိန် သူမ သူတို့ထက်အဆင်မြင့်သော ခံစားချက်ကို ထူးဆန်းစွာ ခံစားရသည်။

သို့ပေမယ့် အခုတော့ ကင်းချူက သူ၏ အစစ်အမှန် ပုံသဏ္ဍာန်ကို ပြလာသောအခါ သူမ နောက်ဆုံးတွင် တစ်ခုခုကို နားလည်သွားသည်။ __ဤကောင်က တစ်ကယ်ဘဲ တုံးအအ မျိုးသန့်ဟက်စကီဘဲ!

သူမ ထိုမြင်ကွင်းကို ကြည့်လေလေ လျိုမန်ဟုန် ရင်းနှီးသလို ခံစားရလေလေပင်။ ထို့နောက် သူမ ဖြတ်သွားဖြတ်လာတစ်ယောက် ပြောတာကို ကြားလိုက်ရသည်။ "ဒါက ဘာလို့ ငါ့အိမ်နီးချင်းကလေးလေး စိတ်ကောက်နေတဲ့အချိန်နဲ့ တူနေရတာလဲ?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now