လမ်းခွဲလိုက်ပြီ

4.2K 517 0
                                    

Unicode

ချင်းရယ်အထက်တန်းကျောင်း, ၁၁တန်းရဲ့ တန်းခွဲ ၃

မနက်ခင်း စာလုပ်တဲ့ အချိန်က မစသေးဘူး အကုန်လုံးက စကားပြောနေကြပြီး တစ်တန်းလုံး ဆူညံနေတယ်

ရုတ်တရက် တစ်တန်းလုံး ညိမ်ကြသွားပြီး အကုန်လုံး ခေါင်းတွေကို တံခါးပေါက်ဆီ လှည့်လိုက်တယ်

သွယ်လျတဲ့ ပုံရိပ်တစ်ခုက တံးခါးပေါက်ဆီ လျှောက်လာတယ်

ကောင်မလေးကို သေသေချာချာ မြင်ပြီးတဲ့ အချိန်မှာတော့ အားလုံး မကြည့်ဘဲနဲ့ မနေနိုင်ကြဘူး

တစ်ချို့ကောင်လေးတွေက လေမချွန်ဘဲနဲ့တောင် မနေနိုင်ကြဘူး

"ကျောင်းသူသစ်?"

"ဝိုး သူမက အလှလေးဘဲ"

ဒါပေမယ့် တစ်ချို့ကောင်မလေးတွေက ကောင်မလေးရဲ့ သရုပ်မှန်ကို သိတယ်

"ရှရှီပေ?"

" မဖြစ်နိုင်ဘူး! သူမမဖြစ်နိုင်ဘူး"

သူမ လာနေတာကို အားလုံးက အလွန်အံ့အားသင့်စွာနဲ့ အံဩနေကြတယ်

_ဒါက ရှရှီပေ⁈

အရင် ရှရှီပေ က အရှေ့ ဆံမြိတ်ထူထူကြီးနဲ့ အမြဲတမ်းခေါင်းကိုငုံ့ထားရတာကြိုက်တယ် သူရဲ့ မျက်နှာကို သူမ မကြိုက်ဘူး သူမရဲ့ အမူအကျင့်က နည်းနည်းသုန်မှူန်နေတယ်

သူမ ကိုယ်က ပိန်ပြီး အားနွဲ့သယောင်ရှိတယ် ဒါ့ကြောင့် အကုန်လုံးက သူမကို အာဟာရ ချို့တဲ့နေတယ်လို့ ထင်နေကြတယ်

ဒါ့ ပြင် သူမက အမြဲတမ်း ပွပွယောင်းယောင်း အဝတ်တွေ ဝတ်ရတာ ကြိုက်တယ် အဝေးကကြည့်မယ်ဆိုရင် သူမက အဝတ်ကြီး လေပေါ်ပျံနေတယ်လို့ ထင်ရတယ်

သူမရဲ့ သိုသို သိပ်သိပ် နေတဲ့တဲ့ အကျင့်နဲ့ ပေါင်းလိုက်မယ်ဆိုရင် သူမနဲ့ ပေါင်းချင်တဲ့ သူ တော်တော်များများ ရှိမှာမဟုတ်ဘူး

ဒါပေမယ့်ဒီနေ့တော့ သူမရဲ့ မျက်လုံးကို ဖုံးလုနီးပါးဖြစ်နေတဲ့ဆံမြတ်ကို ကလစ်တွယ်ထားတော့ သူမရဲ့ နူးညံ့ဖျော့တော့တဲ့ မျက်နှာလေးက ပေါ်လွင်နေတယ်

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now