- နင်ကျော်ကြားတော့မှာ
ထိုလူတွေဆီကနေ အသေးစိတ်သိပြီးတော့ ရှရှီပေ အေးစက်စွာ တခစ်ခစ်ရယ်လိုက်သည်။
ထင်ထားသလိုပင် သူမကို တိုက်ခိုက်ချင်သူတွေက ရှရှဟိုင်နှင့် လျိုလီရှင်းတို့ပင်။
လျိုလီရှင်းက လှုံ့ဆော်ပေးသည့်သူဆိုတာ ထင်ရှားလှသည်။
ရှရှဟိုင် ရှရှီပေ၏ စစ်မှန်သော စိတ်ဓာတ်ကို မြင်ဖူးတာကြောင့် သူ ဘာမှ လုပ်ရဲမှာတော့မဟုတ်ဘူး။
သို့ပေမယ့် လျိုလီရှင်းကတော့ မတူ သူမ လွယ်လွယ်ကူကူဖြင့် လက်လွှတ်မှာမဟုတ်။
ရှရှီပေနှင့် လျိုလီရှင်းကြား တွေ့စရာများများစားစားမရှ်ိပေမယ့် လျိုလီရှင်းကို နားလည်ဖို့ သူမကို မတားနိုင်။
အရင်တုန်းက လျိုလီရှင်း ရှရှဟိုင်နှင့် မကွာရှင်းခင်ကတည်းက ဖြစ်ခဲ့ကြပြီး ကိုယ်ဝန်ရခဲ့သည်။
မယားငယ်အဖြစ်နေနိုင်သည့်သူက သိက္ခာရှိမှာမဟုတ်ဘဲ သာမန်လူတွေထက် သည်းခံနိုင်သည့် အတိုင်းအတာ များသည်။
ရှရှီပေ သူမအရင်ဘဝတုန်းက လျိုလီရှင်း၏ ရက်စက်ရုပ်ဆိုးသော မျက်နှာအမူအရာကို မှတ်မိသေးသည်။
လျိုလီရှင်း ကြံစည်လို့ ရှရှဟိုင် သူမ ကျော်ကြားတော့ သူမအရှေ့ပေါ်လာပြီး သူမကို ငွေညှစ်သည်ပင်။
အစက ရှရှီပေ သူမဘဝအသစ်ကို စတင်ပြီး သူတို့ဆက်ဆံရေးကို ဖြတ်ပြီးပြီဟု ထင်မိသည်။ သူတို့ကြား ဘာမှ လုပ်စရာမရှိတော့ဟု ထင်ထားသည်။
မထင်မှတ်စွာပင် သူတို့က သူမထင်ထားသည်ထက် လောဘကြီးသည်။
သူတို့က မကြင်နာမှတော့ သူမလည်း မှန်ကန်နေစရာအကြောင်းမရှိ။
သူမ နောက်လှမ်းမည့်ခြေလှမ်းတို့ကို စတင်စဉ်းစားနေပြီး သူမ လှည့်လိုက်တော့ ချောင်ရန်ကျွယ် မျက်လုံးတို့နှင့် သွားစုံနေသည်။
"ရှင် အခုထိ ဒီမှာရှိသေးတာလား?"
"ကိုယ် အခုသွားတော့မှာ " ချောင်ရန်ကျွယ် ပြောလိုက်သည်။ "ဂရုစိုက်"
YOU ARE READING
ရက်စက်သောနတ်ဘုရားမ
ActionThis story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Qingkong Xilan English Translator: Dragon Boat အရင်ဘဝ, သူမရဲ့ အဆင့် အတန်း, ရုပ်ရည်, ဂုဏ်သိက္ခာ အကုန...