အပိုင်း ၁၅၄

1.7K 197 0
                                    

- ချောင်ရန်ကျွယ် မှားသလို ခံစားရသည်

ချောင်ရန်ကျွယ် ထိုယောက်ျားကို ကန်ထုတ်လိုက်သည်။

ဝမ်းဗိုက်ကို အကန်ခံရ၍ ထိုယောက်ျားက အော်လိုက်ပြီးနောက် မြေပြင်ပေါ်လဲကျကာ မေ့လဲသွားသည်။

ချောင်ရန်ကျွယ်၏ ဘော်ဒီဂတ်နှင့် ဒရိုင်ဘာတို့လည်း ပြေးလာပေမယ့် သူတို့ ရန်ပွဲကို ဝင်မပါခင် ချောင်ရန်ကျွယ်နှင့် ရှရှီပေတို့ ထိုလူများကို ကိုင်တွယ်ဖို့ အဖွဲ့ဖွဲ့ပြီးနေပြီ။

"သူတို့ကို ကြည့်နေ" ချောင်ရန်ကျွယ် အေးစက်သော အသံဖြင့် ညွှန်ကြားလိုက်သည်။ သူတို့အပေါ်ကြည့်သည့် သူ့အကြည့်တွေထဲ တွင် သေစေလောက်သော အရိပ်အရောင်တွေ ပါနေသည်။

"ဟုတ်!"

ရှရှီပေ မျက်မှောင်ကြုံ့ကာ လျှောက်သွားလိုက်သည်။ သူမ ချောင်ရန်ကျွယ် လက်ကို ဆွဲကာ သူမ ပထမဆုံးမေးလိုက်သည့်အရာက "ရှင် ဘာလို့ အဲ့လောက် အားနည်းနေရတာလဲ?"

သူမ ထိုလူတွေကို ဘာမှမတွေး။ ဓားရှိရင်တောင် သူမကို မနာကျင်စေနိုင်ဘူး။

သို့ပေမယ့် ချောင်ရန်ကျွယ်က အရမ်း အားနည်းတယ်ဆိုတာ ဘယ်သူကသိမှာလဲ? အင်အားကြီးတဲ့ အားလုံးကို သိမ်းပိုက်နိုင်သည့် သခင်ကျွယ်က ရှိရော ရှိရဲ့လား?

ချောင်ရန်ကျွယ် မျက်နှာပေါ်က အမူအရာက ချက်ချင်း တောင့်ခဲသွားသည်။

သူ ဒဏ်ရာရနေတာတောင် ရှရှီပေ သူ့ကို ရွံရှာနေမယ်ဆိုတာ မထင်မှတ်ထား။

သူ့နှလုံးသားထဲ စိတ်ပျက်မှုတို့ကို ထိန်းချုပ်ထားပြီး သနားစရာကောင်းနေသည်။

"ကိုယ် အဲ့တာကို အခုချိန်ထိ မစဉ်းစားမိသေးဘူး"

စကားပြောပြီးသည်နှင့် သူ တိတ်ဆိတ်သွားကာ သူ့‌ေအာက်နှုတ်ခမ်းကို နည်းနည်းကိုက်လိုက်ပြီး စိတ်နာကျည်းနေသည့်ပုံပင်။

သူ အရမ်း ညင်သာပြီး မှားသလို ဖြစ်နေတော့ ရှရှီပေ အရင်ကလောက် မကြမ်းတမ်းဖို့ ဆုံးဖြတ်လိုက်သည်။

"ကျွန်မရှင့်အကူအညီကို မလိုဘူး ကျွန်မ ကိုယ့်ဘာကို နိုင်တယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now