- အေးဂျင့်၏အလိုအလျောက်အသိစိတ်
နေ့လည် အတန်းပြီးတော့ ရှရှီပေ ကျောင်းအပြင်ဘက်က ကော်ဖီဆိုင်တွင် အချိန်မှန်ရောက်လာသည်။
ရှရှီပေ ပေါ်လာတော့ ဖန်းယန် အနည်းငယ် စ်ိတ်လှုပ်ရှားနေသည်။
သူ သူမကို လွန်ခဲ့သော ရက်အနည်းငယ်အတွင်း တွေးနေသည်ပင်။
သူမမှာ အလားအလာရှိသည်။ သူသာ အရင်ဆုံး မလှုပ်ရှားရင် သူမကို အခြားသူများက လာဆွဲသွားလိမ့်ဆိုရင် နှမြောစရာပင်!
သို့ပေမယ်ပ ကုမ္ပဏီအကြီးအကဲတွေက အရမ်း ဆုံးဖြတ်ချက် ခိုင်မာနေသည်။ မိဘ၏ လက်မှတ်မပါရင် သူ သူမနှင့် စာချုပ်မချုပ်နိုင်။
ထိုအရာက ဖန်းယန်ကို စိတ်တိုစေသည်။
ကုမ္ပဏီက အရင်က ဒီလောက်ထိ ဆုံးဖြတ်ချက်မခိုင်မာဖူးဘူး ဘာလို့ ဒီတစ်ခါကျမှ ခေါင်းမာနေရတာလဲ?
သို့ပေမယ့် ဘယ်လိုနေနေ သူ ရှရှီပေကို လက်မှတ်ထိုးထားချင်သည်။
ထို့နောက် သူ ရှရှီပေ၏ ဗီဒီယိုကို အွန်လိုင်းပေါ်တွင် တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။
သူ နှိပ်ကြည့်လိုက်တော့ အရမ်းသဘောကျသွားသည်။
အခုခေတ်တွင် အနုပညာရှင်အများစုက ကင်မရာပေါ်တွင် သူတို့ရဲ့ အိမ်မွေးလေးများနှင့် ပေါ်လာကြပြီး ချစ်စရာကောင်းသော အိမ်မွေးကောင်လေးတွေက ပရိသတ်တွေကို ဆွဲဆောင်နေသည်။ တိရစ္ဆာန်တွေကို ချစ်သည့် သခင်တစ်ယောက်က ဖန်တွေ အများကြီးနှင့် ကျော်ကြားမှာပင်!
ရှရှီပေ၏ တိရစ္ဆာန်တွေအပေါ် ရင်းနှီးမှုက သူမကို ပိုပြီး နှစ်သက်သွားစေတယ်!
ကြောင်နှင့် ခွေးက အရမ်း ချစ်စရာကောင်းပြီး သူမပြောစကားကိုလည်း နားထောင်ကြပြီး တကယ်ပင် လိုက်ဖက်ညီသော မြင်ကွင်းကို ဖန်တီးနေသည်။
ထို့ကြောင့် သူ ရှရှီပေကို တစ်ခါ ပြန်ရှာခြင်းဖြစ်သည်။
"ငါတို့ မစခင် ငါ တစ်ခုခုကို အတည်ပြုချင်တယ်"
"ဘာကိုလဲ?"
"ဗီဒီယိုက....edit လုပ်ထားတာမဟုတ်ဘူးမလား?"
ВИ ЧИТАЄТЕ
ရက်စက်သောနတ်ဘုရားမ
БоєвикиThis story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Qingkong Xilan English Translator: Dragon Boat အရင်ဘဝ, သူမရဲ့ အဆင့် အတန်း, ရုပ်ရည်, ဂုဏ်သိက္ခာ အကုန...