အပိုင်း ၁၃၆

2.4K 299 1
                                    

Unicode

- ဟန်နီ့ကို ဆူခြင်း

"ဟန်နီ့!"

"မြောင့်!"

တစ်ခဏအတွင်းတွင် ရှရှီပေ လက်မောင်းထဲ ပုံရိပ်တစ်ခုက မိုးကြိုးတစ်ခုလိုပင် ပြေးသွားသည်။

ရှရှီပေ ဟန်နီ့ကို တည်ငြိမ်စွာ ကိုင်ထားလိုက်သည်။ သူမ မအံ့ဩဘဲမနေနိုင် ဒီကောင်လေးက မြန်မြန် လှုပ်ရှားနိုင်တာဘဲ!

"ဟန်နီ့!"

ဟန်နီ့ သခင်က သူမဆီသို့ အမောတကောဖြင့် ပြေးလာကာ ရှရှီပေကို မြင်မှ အခြေအနေကို နားလည်သွားသည်။

ဟန်နီက ရှရှီပေကို မြင်လို့ အရမ်း စိတ်လှုပ်ရှားနေတာဘဲ!

ရန်ကျွင်းချန် အသည်းကွဲသွားသည်။

ဟန်နီ ဒီနေ့မနက် စောစောက သောင်းကျန်းနေပြီး သူ့မိသားစုက ဒီကောင် တစ်ခုခုမှားနေတယ်ထင်တာ။ အားအများကြီး စိုက်ထုတ်ပြီးတော့ သူတို့ ဟန်နီက မနေ့က ကောင်မလေးကို ရှာနေမှန်းသိလိုက်ရတယ်!

သို့ပေမယ့် သူဘာလုပ်နိုင်မှာလဲ?

သူတို့မနေ့က လမ်းခွဲသွားပြီးတော့ ရန်ကျွင်းချန် ရှရှီပေနှင့် ကိစ္စရှိသေးမယ်လို့ကို မထင်တော့သည်ပင်။

ဟန်နီ တစ်ချို့လူတွေကို တွေ့ပြီးတော့ ကြိုက်ပေမယ့် သူတို့ကို စွန့်ခွာပြီးတော့ အဲ့ကောင် မြန်မြန်ပင် မေ့သွားပြီး သူတို့ကို ရှာဖို့ အလုပ်ရှုပ်မခံမနေတော့။

ဒီ‌တစ်ခေါက် မတူဘူးဆိုတာကို ဘယ်သူက သိမှာလဲ?!

ဟန်နီက သူတို့မိသားစုရဲ့ ရတနာ။ ဟန်နီက ရန်ကျွင်းချန်ထက် ပိုအရေးကြီးတယ်လို့တောင် ပြောလို့ရတယ်။

ဟန်နီ ရှရှီပေကို ရှာမရတော့ ဟန်နီ အရမ်း ဝမ်းနည်းလာသည်။

သူ့မိဘတွေက ဟန်နီ့ကို ဆရာဝန်ဆီခေါ်သွားတော့ သူတို့လည်း တိရစ္ဆာန်တွေက စိတ်ဓာတ်ကျတတ်တယ်ဆိုတာ သိလိုက်ရတာပင်။

အထူးသဖြင့် ဟန်နီ့လို လူနှင့် တော်တော်တူပြီး ဉာဏ်ကောင်းတဲ့ကြောင်ပင်။

အခု မိသားစုတစ်ခုလုံး စိတ်ပူနေကြသည်။

ဟန်နီ့ကို ပျော်အောင်လုပ်ဖို့ ရန်ကျွင်းချန် လမ်းလျှောက်ခေါ်လာသည်ပင်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now