အပိုင်း ၁၂၅

2.5K 285 1
                                    

Unicode

- လာဘ်မရှိခြင်း

"အကုန်လုံး အဆင်ပြေရဲ့လား? နင့်မိဘတွေ...."

စုန့်ကျားရန် ရှရှီပေမိဘတွေအကြောင်း မမေးပေမယ့်လည်း သူ ရှရှီပေအိမ်ကို နေ့တိုင်းလိုလိုသွားတာကြောင့် သူမ ရှရှီပေ တစ်ယောက်တည်း နေသည်ကို သိသည်။

သူမ အခြားသူများဆီမှ ကြားရသည့် အပိုင်း အစများကို တစ်ခုချင်းပေါင်းကြည့်ရင် ရှရှီပေ က မိဘတွေနှင့် အဆင်မပြေဘူးဆိုတာ သူမသိနိုင်သည်။

ပုံမှန်အားဖြင့် အရေးမကြီးပေမယ့် များပြားလှသော အကျိုးကျေးဇူးအောက်တွင် ထိုလူတွေက ငြိမ်သက်တည်ငြိမ်နေနိုင်ပါ့မလား?

ဒါမှမဟုတ် သူတို့ သူမကို အန္တရာယ်များ ပေးကြမလား?

"ရတယ် ငါ ကိုင်တွယ်နိုင်တယ်" ရှရှီပေ ပြုံးလိုက်သည်။ "အိမ်က အခု ငါ့နာမည်နဲ့ဖြစ်နေပြီ နေရာကို ဖြိုပြီးရင် ငွေက ငါဘဲ ရမှာ"

"အဲ့တာဆိုလည်း ကောင်းပါတယ်" စုန့်ကျားရန် ခေါင်းငြိမ့်လိုက်သည်။ "နင် အကူအညီလိုရင် ငါ့ကို ပြောဖို့မမေ့နဲ့ဦး"

"ဒါပေါ့" ရှရှီပေ ခေါင်းငြိမ့်လိုက်ပြီး ထိုကိစ္စကို ပြန်အစမဖော်တော့။

စုန့်ကျားရန်လည်း ထိုကိစ္စကို ဆက်မပြောတော့။

ရှရှီပေနှင့် ပေါင်းကြည့်တာအချိန်ကြာပြီဖြစ်၍ ရှရှီပေက မြင်ရသလောက် အပြစ်ကင်းပြီး အန္တရာယ်မကင်းတာမဟုတ်မှန်း သူမ သိသည်။

တစ်ဖက်တွင် ရှရှီပေက သူမထင်ထားသည်ထက် ပိုရက်စက်သည်။

စုန့်ကျားရန်တောင် ရှရှီကေ သာမန်ရွက်ကြမ်းရည်ကျို လူတစ်ယောက်မဟုတ်ဘူးဆိုတာ ပြောနိုင်သည်။

ထို့ကြောင့် စုန့်ကျားရန် ရှရှီပေ၏ ကိစ္စများတွင် ဝင်မပါသင့်မှန်းသိသည်။

နေရာကို တစ်ပတ်လောက်ပတ်ပြီး ရှရှီပေ ဟော်ဇီကျွင်းဆီကနေ ဖုန်းကောလက်ခံရရှိပြီး သူတို့ဆီမှာ ဆေးမြစ်အသစ်များစွာ ရောက်ရှိနေပြီး သူမ ကြည့်ဖို့ စိတ်ဝင်စားသလားဆိုသည်ကို မေးခြင်းဖြစ်သည်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now