*****

ယန်ချုံး နှင့်အခြားသူလေးဦးက ဟင်းဆယ်မျိုးထက်ပို၍ မှာယူခဲ့သည်။  သူတို့ကိုကျောင်းကန်တင်းမှာသုံးတဲ့ ပန်းကန်သေးသေးလေးတွေပေါ်မှာ ကျွေးခဲ့ပေမဲ့ ပန်းကန်တစ်ခုစီမှာ တော်တော်များများရှိခဲ့တယ်။

သူတို့က သူတို့ရဲ့ PE အတန်းကိုပြီးသွားခဲ့ပြီ ဒါကြောင့်သူတို့အားလုံးက အစာကိုမြန်မြန်ခွဲပြီး ပြီးအောင်စားလိုက်ကြတယ်။

သူတို့က သူတို့ရဲ့ကျောင်းအဆောက်အဦးဆ်ီသို့ပြန်လာစဉ်မှာ ယန်ချုံးက ရှဲ့ယွီ အားဘေးသို့တိတ်တဆိတ်ဆွဲခေါ်လိုက်ပြီး သူအကြာကြီးစဉ်းစားနေသည့် အကြောင်းအရာတစ်ခုကို သူ့ကိုပြောခဲ့သည်။

“မင်းသိလား..........ငါ့ကိုမြေမြှုပ်ထားတဲ့နေရာကို?”

ယန်ချုံးက သုသာန်မှာရှိနေတဲ့ သူ့ရဲ့အုတ်ဂူကိုကြည့်ချင်သည်။

သူကလွန်ခဲ့သောရက်အနည်းငယ်အတွင်းဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ယုံဖို့ခက်နေသေးသည်။  သူကသူ့ရဲ့အုတ်ဂူကို သူ့ရဲ့မျက်စိနဲ့ကိုယ်တိုင်မမြင်ရလျှင် အဲ့တာကသူ့ရဲ့ခေါင်းထဲမှာ ဆက်လက်ရှိနေမည်မှာ သေချာသည်။

ဒါပေမယ့် သူဒီအကြောင်းကိုတွေးခဲ့တဲ့အခါ ဒီကိစ္စက နည်းနည်းတော့ ထိတ်လန့်စရာကောင်းတာကို ရှဲ့ယွီတွေ့ရှိခဲ့တယ်။ ယန်ချုံးက သူ့ကိုယ်ပိုင်အုတ်ဂူကိုမြင်ရင် သူစိတ်မသက်မသာခံစားရမှာကို ရှဲ့ယွီစိုးရိမ်တဲ့အတွက် သူ့ကိုတားဖို့ကြိုးစားခဲ့တယ်။  “ ငါဒါကိုအရင်တုန်းကခဏခဏတွေ့ဖူးတယ်။ဒါကဘာမှမထူးခြားပါဘူး။မင်းသွားသင့်တယ်လို့ငါမထင်မိဘူး”



မွန်းတည့်ချိန်တွင်အတန်းအားလုံးက ကိုယ်ပိုင်စာလေ့လာချိန်ဖြစ်သည်။


ယန်ချုံး က ‘အကယ်၍ ငါဒီနေ့ဒါကိုမလုပ်ဘူးဆိုရင် နောက်ထပ်အခွင့်အရေးရဖို့က ခက်လိမ့်မယ်’ဟုတွေးတောလိုက်သည်။

ယန်ချုံးက ကြည့်ရှု့ဖို့ အခိုင်အမာပြောနေကတည်းက ရှဲ့ယွီလည်း အဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူကယန်ချုံး အားတစ်ယောက်တည်းလွှတ်ရမှာကို စိုးရိမ်သဖြင့် သူနှင့်အတူတူသွားရန် အကြံပေးခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့်ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်။Where stories live. Discover now